fattyOctober 29, 20111min27029
သီတင်းတော့ကျွတ်ပြီ .။ ရသီဥတုများကလဲသာသာယာယာရှိပြီဆိုတော့မင်္ဂလာပွဲတွေ လာကြတော့မှာပါ …။ အခုတလောတော့မင်္ဂလာဆောင်ဖိတ်စာများသိတ်မရောက်လာသေးဘူးဗျ။ ရာသီဥတုကလဲပူတာကိုးလို့နော ….။ ဒီဇင်ဘာလောက်ကျမှ တန်းစီပြီးလာကြမယ်ထင်ပါရဲ့ ..။ ဦးလေးဖက်တို့ဇနီးမောင်နှံလည်းဒီဇင်ဘာလကြီးမှာရွေးပြီးမင်္ဂလာ ဆောင်ကြတာလေ။ ထင်တဲ့အတိုင်းဘဲ မင်္ဂလာလက်ဖွဲ့တွေရတော့ စောင်က တထည်မှပါမလာဘူး။ ပိုက်ဆံကလည်းသိတ်မရှီတော့ ဝယ်မနေနိုင်ပါဘူး ဒီလိုဘဲ လုံးထွေးပြီးအိပ်လိုက်တာပါဘဲ ..။ မိန်းမများ ရကာစတော့ ဟုတ်တုတ်တုတ် …. ရယ် ..။ နောက်တော့ပေါ်တာပါဘဲ …..။ အတွင်းစိတ်တွေပြောပါတယ် ..။ ရကာစတော့ ငါမိန်းမတစ်ယောက်တော့ရအောင်ယူနိုင်ပြီကွလို့ လူပျိုသိုးတွေရှေ့ တထောင်ထောင်နဲ့ပေါ့ လက်မ ။ ရုံ့းကပြန်လာတော့ မောလာပြီလားမောင် ဆိုတဲ့အပြောလေးနဲ့ ဆီးကြိုပုံလေး …. အမောကိုပြေလို့ ……။ တိုက်ပုံလေးကိုချွတ်ပေးလိုက်သေးတယ် …။ ကျုပ်ကိုက အ တာပါ …။ တနှစ်၂နှစ်လောက်နေမှရိပ်မိတယ် …။ အလကားနေရင်းစေတနာဗလပွနဲ့ချွတ်ပေးတာမှမဟုတ်ဘဲ ..။ […]