မြန်မာ ပုရိသယောက်ျားတို့ ပြောကြတာရှိသည် မိန်းမဟူသည် မရှိမကောင်း ရှိမကောင်း။ မပေါင်းလဲခက်၊ ပေါင်းလည်းခက်၏ .. တဲ့။ အခုတော့ ခေတ်နဲ့အညီ တမျိုးပြောင်း ပြောနေကြပြန်ပြီ။ မိန်းမဟူသည် တီဗီ (သို့မဟုတ်) လက်ကိုင်ဖုန်း နှင့် တူ၏.. တဲ့ အိမ်သူဇနီးမယားသည် ဧည့်ခန်းထဲက တယ်လီဗီးရှင်းနဲ့တူပြီး မိန်းခလေးမိတ်ဆွေ (စမောလေး)က ဟန်းဖုန်းနဲ့ တူသတဲ့ဗျာ..။ ရှင်းပါမယ်..။ ကျွန်တော်တို့ ယောက်ျားတွေ အိမ်မှာ တီဗွီ ကြည့်ပြီး အပြင်သွားရင် ဟန်းဖုန်းေလး ဆောင်သွားကြတယ်လေ။ ပိုက်ဆံမရှိ ပြတ်လပ်နေချိန် အခန်းအောင်း တီဗွီကြည့်နေပြီး ငွေယားလေးအဆင်ပြေတော့ ဟန်းဖုန်းေလး အသစ်လဲကိုင်တတ်ကြပြန်ရော။ တီဗွီကို တစ်ခါတရံမှ ကြည့်ဖြစ်ပေမယ့် ဟန်းဖုန်းကိုမူ အမြဲတမ်းကလိနေကြရဲ့။.. ဟဲ ဟဲ ခင်ဗျားတို့ အိမ်က တီဗွီဟာ တစ်သက်လုံး […]


koyin sithuNovember 1, 20111min16316
ဒီပိုစ့်လေးကို ရေးဖြစ်တာကတော့ လမ်းမှန်လျှောက်နေတဲ့ လင်သားအပေါ်မယားဝတ္တရားငါးပါးကျေပြွန်တဲ့ ဇနီးမယား များကိုရည်ရွယ်ပြီးရေးခြင်းမျိုးမဟုတ်ဘူးဆိုတာသိစေချင်ပါတယ်။လမ်းမှားကိုရောက်နေတဲ့ လင်သားပေါ် မယားဝတ္တရားငါးပါး မကျေပြွန်သေးသော ဇနီးမယားများ ဒီပိုစ့်လေးကိုဖတ်ပြီး အသိတစ်ခုခုရရှိစေလိုခြင်း၊ရရှိလိုက်သည့် အသိလေးကို အချိန်မှီ ပြုပြင်စေလိုခြင်း၊လင်သားအတွက် တကယ်တန်ဘိုးကြီးတဲ့ ဇနီးမယားတစ်ယောက်ဖြစ်စေလိုခြင်း၊ ကျွန်တော်အပါအဝင် အိမ်ထောင်ပြုမယ့် ရွာသားများအနေနဲ့လည်း ဘယ်လိုဇနီးမျိုးကိုရွေးချယ်သင့်တယ်။ အမျိုးသမီးများအနေနဲ့လည်း လင်သားအပေါ် ဘယ်လိုဇနီးမယားအဖြစ်နဲ့ ဘဝကိုဖြတ်သန်းတာကောင်းတယ်။ဘယ်လိုဇနီးမယားမဖြစ်အောင်မိမိကိုယ်ကို ကြိုးစားမယ်စတဲ့အချက်တွေကြောင့်ရယ်ပါ။ ဒီဇနီမယား(၇)မျိုးဖြစ်ပေါ်လာပုံက မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမစကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သားကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပါတယ်။မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။အဲဒီ(၇)မျိုး (၁)။ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား) […]


     ဤ ကမ္ဘာလောကကြီးတွင် လူ ့အဖြစ်သို ့ရောက်ရှိလာကြသူများသည် အစပထမတွင် ယောကျာ်းလဲမဟုတ်၊မိန်းမလဲ မဟုတ်ကြပေ။ထူးဆန်းသည့် လိင်မဲ့ သတ္တဝါများသာဖြစ်ကြသည်။      နောင်သောအခါ ကာလကြာမြင့်လာမှ ယခင်ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကမ္ဘာမှ ဗြဟ္မာမဖြစ်မှီ ဘဝဟောင်းက မိန်းမဖြစ်ခဲ့ဘူးသူအားက္ကုတ္တိယဘာဝရုပ်ပေါ်လာခဲ့ပြီး ယောကျာ်းဖြစ်ခဲ့ဘူးသူအား“ပုမ္ဘေါရုပ်”ဖြစ်ပေါ်လာခဲ့သည်။       လူ ့ဘဝကို ယောကျာ်းဘဝမှစတင် ဖြစ်ပေါ်ခြင်းလော၊မိန်းမဘဝမှစတင်ဖြစ်လာခြင်းလော ဆိုသည်ကိုကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးနှစ်ပါးတို ့၏အမေး အဖြေပြုကြသော ဗုဒ္ဓစာပေကျမ်းဂန်များတွင် တွေ ့ရသည်မှာ —     က္ကုတ္တိယတဲ့ ပုရိဿပေါ်စကမ္ဘာမှာ      ဘယ်သူမှာအစထူး ရှေးဦးဖြစ်လာ     လွှဲမသွေ ခွဲဝေစမ်းပါဗျာ့။     ရွှေကျမ်းတတ် မြတ်ဆရာရယ်     မှတ်ပါ လှချင်လွန်း     ဥဒါန်းငယ်ပြောင်     လူ ့တန်းမှာ တမူဆောင်လို ့     ဇမ္ဗူဘောင် မညှိုးအောင်    […]