သားသမီးအပေါ်တွင် ထားရှိသောမိခင်ဧ။်မေတ္တာထုထည်ကြီးမားသည်ကို လူတိုင်းနားလည်သိရှိပြီးဖြစ်သည်။သားသမီးကိုဝမ်းနှင့်လွယ်ပြီး အသက်နှင့်ရင်း၍မွေးခဲ့ရသောကြောင့် မိခင်တို ့သည်သားသမီးကိုချစ်ရာတွင် ဖခင်ထက်ပိုတတ်ကြသည်။မိခင်ကသားအပေါ်မေတ္တာထားသလောက် သားကမိခင်ပေါ်မ တုံ့ပြန်တတ်ပေ။တနည်းဆိုလျှင် မိခင်ကချစ်သလောက် သားက မိခင်ကိုပြန်မချစ်ပေ။ဤစကားပုံဧ။်ဆိုလိုရင်းမှာမိခင်ချစ်သလိုသားကမိခင်ကိုတူညီသောတုံ ့ပြန်မှုဖြင့်ချစ်လျှင် သားယောကျာ်းလေးများအားလုံးနောင်ဘဝတွင် နတ်ပြည်ရောက်ပြီး နတ်ပြည်ကျဉ်းသွားလိမ့်မည်ဟုဆိုလိုသည်။သမီးများသည် မိခင်မေတ္တာကိုနားလည်ပီးတုံ ့ပြန်တတ်ဖို ့လိုပါသည်။မြန်မာစကားပုံတွင်“စုန်ရေသာရှိသည် ဆန်ရေမရှိဟုမိဘမေတ္တာကိုဖော်ညွှန်းထားသည်။