loneSeptember 13, 20111min1478
သင်ရဲ့ ရှိရင်းစွဲပုံစံကို ကျေနပ်သဘောကျဖို့ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ ရုပ်ရည်ကို ပိုင်ဆိုင်နေစရာမလိုဘူး။အခုပြောပြမယ့် လျှို့ဝှက်ချက်တွေက သင့်ကိုယ် သင်ခေါင်းအစခြေအဆုံးအမြဲယုံကြည်မှုရှိစေမှာပါ။ ၁။ သင်ရဲ့ခန္ဓကိုယ်မှာရှိတဲ့ အရာအားလုံးဟာ သူများနဲ့မတူ တမူထူးခြားနေတယ် ဆိုတာ သိထားပါ။ သင့်မျက်ခွံတွေက ငိုက်စင်းနေမယ်။သင့်နှာခေါင်းက မှိုပွင့်တစ်ပွင့်နဲ့ တူနေမယ် ၊ဒါမှမဟုတ် သင့်ဒူးခေါင်းတွေက ရယ်စရာဖြစ်နေမယ်ဆိုရင်လည်းဘာဖြစ်လဲ။ အဲဒါ တွေက သင့်ကိုသူများနဲ့မတူစေဘဲ တမူထူးခြားစေတယ်လေ။ လူအားလုံးတထေရာ တည်းတူပြီးလှပနေကြမယ်ဆိုရင် ကမ္ဘာကြီးကပျင်းစရာကြီးဖြစ်နေမယ်လို့ သင်မထင် ဘူးလား။ ၂။ ကျန်းမာရေးကိုပဲ အဓိကထားပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အစာကိုဂရုတစိုက်စားဖို့လိုပါတယ်။ ဒါမှကျန်းမာသန် စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာပေါ့။ ဒါပေမယ့် အစာအငတ်ခံတာ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးတာတွေဟာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ် တစ်ခု ဘယ်လိုမှမရနိုင်ပါဘူး။ ၃။ သင့်ရဲ့အလှဆုံးနေရာကိုပြသလိုက်ပါ။ သင့်ခန္ဓာကိုယ်မှာ သင်အကြိုက်ဆုံးနေရာတစ်ခုရှိရင် […]