black chawMay 17, 20131min43483
မိတ်ဆွေတို့ သတိထားမိကြမလား မဆိုနိုင်ပါဘူး…။ အခုတလော ဘလက်ချော ရေးတဲ့ ပို့စ်တွေမှာ အကိုးအကားတွေ များနေတာကို ပြောတာပါ…။ ကိုယ်ပိုင်အတွေးအခေါ်မရှိလို့ သူများ အတွေးအခေါ်တွေ ခိုးခိုးချနေတယ်လို့ ပြောရင်လည်း ခံရတော့မှာပါပဲ…။ သီချင်းတွေထဲက စာသားတွေ…၊ ကဗျာတွေထဲက စာသားတွေ…၊ ဦးကုလား မဟာရာဇဝင်ကြီးထဲက စာသား အပိုဒ်လိုက်တွေ…၊ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက စာသားတွေတောင် မချန်…၊ ခိုးချပြီး ပို့စ်တွေရေးနေမိတာကို ဘယ်သူမှ လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို လက်ညှိုးထိုး လိုက်ပါတယ်ဗျာ…။ ဆိုတော့…။ အခုပို့စ်ကရောတဲ့…။ ဟုတ်ကဲ့…။ ဆဲရင်လည်း ခံရမှာပဲ…။ ဇာတ်မင်းသားလေး သိန်းဇော်ရဲ့ ကဗျာလေးတစ်ပုဒ်နာမည်ကို ကိုးကားခွင့်ပြုပါဦးလို့…။ ကဗျာလေးရဲ့ နာမည်က မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း …တဲ့…။ အဲဒါလေးမပြောခင် ဇာတ်မင်းသားလေး မောင်သိန်းဇော်အကြောင်း နည်းနည်း ပြောကြဦးစို့ရဲ့…။ မောင်သိန်းဇော် […]