” ဝေဒနာကို ဖွင့်ဟကြေငြာ…သီချင်းတစ်ပုဒ်ဆိုမယ်..ဖြစ်ပုံတကယ်ဆန်းကြယ်..ကိုယ့်မှာလေ..ပြန်ကာတွေးလေလေ…”  ဆိုတဲ ့..ကံ့ကော်တောဦးမျိုးအောင်ရဲ ့သီချင်းကို.. ဆိုပြရမလိုဖြစ်နေပြီ..။ ပြောပြချင်မိတာတွေကတော့ အများသားဗျ..။ ဒါပေမယ့်… အကြောင်းအရာတစ်ခုကိုတော့ရင်ဖွင့်မှဖြစ်တော့မှာမို ့… ရင်ဖွင့်လိုက်ပါတယ်..။ ရပ်ကွက်ထဲက..ပြောမနာဆိုမနာလို ခင်ရတဲ ့….သူငယ်ချင်းရဲ ့ ယောက္ခမ.. ဆေးရုံတင်လိုက်ရတယ်..။ ဖြစ်ချင်တော့..ဆေးရုံတင်လိုက်ရတာက..ည ဆယ်နာရီကျော်နေပြီ..။ ကျွန်တော် မသိလိုက်ပါဘူး ။ ကျွန်တော့်ဆီရောက်လာတော့… ဆယ်တစ်နာရီကျော်နေပြီ..။ သွေးလိုလို ့ လိုက်ရှာတာ ဘယ်မှာမှ မရဘူး..တဲ ့။ ကျွန်တော့်သွေးက..ဘီသွေးဖြစ်နေတော့… သူ့ ယောက္မကလည်း..ဘီသွေးမို ့…လိုက်လှူပေးဖို ့ လာခေါ်တယ်..။ သွေးက..ဘယ်နှစ်ပုလင်းလဲလို ့ မေးလိုက်တော့… နှစ်ပုလင်းလို ့..ပြောပါတယ်…။ ကျွန်တော်လည်း..မနေနိုင်တော့…အိမ်ရှေ့က ချာတိတ်လေးကိုပြေးနှိုးမိပြန်ပါတယ်.. ။ အိမ်ရှေ့က ချာတိတ်လေးက…   ကျွန်တော့်ကို မငြင်းဆန်ချင်ပေမယ့်.  ” ကျွန်တော်  မနက် အလုပ်ဆင်းရဦးမှာ […]