mamanoyarJune 26, 20121min25618
အနောက်တောင်ဘက်ဆီက တိမ်မဲတွေ တလိမ့်လိမ့်တက်လာနေပြီ ထို့အတူ ပတ်ဝန်းကျင်ကိုလဲ မှောင်မိုက်စေသည်။ ပြင်းထန်သော လေနှင့်အတူ မိုးစက်တို့ ကြွေလေပြီ တောင်တွေပတ်ရန်ထားတဲ့ နေရာလေးမို့ ကြည့်လိုက်တိုင်း ညို့မှိုင်းကာ မဲဇာတောင်ခြေ ရောက်နေသယောင်။ မျက်ရည်တွေဝေ့ဝဲ ပိုင်ရှင်မဲ့သူတစ်ယောက်မို့  ဘယ်ဆီကိုမျှော်မှန်းလို့ လွမ်းရမှန်းမသိ။ အခုလို အချိန်မှာ အမည်မသိ အလွမ်းအတွက် မိုးမင်းရယ် ညှာတာပေးပါ။”