manawphyulayDecember 25, 20101min962
မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။ “တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ႓ာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။” အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ မသဲကွဲမှုကြောင့် […]


စေနOctober 21, 20103min720
ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်မည်၊ ရဲရွာဆည် စိုးရိမ်စရာ မရှိသေး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်သွားပြီး ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဖြတ်မယ်။ မနက်ဖြန်ညနေပိုင်း ဝင်ရောက်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ လေတိုက်နှုန်း မိုင် ၅ဝ ကနေ ၆ဝ အထိ ရှိနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ မန္တလေးတိုင်းအတွင်းရှိ ရဲရွာဆည် တမံကျိုးနိုင်ဖွယ်ရှိတယ်လို့ ယမန်နေ့က သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ဒီကနေ့ ဧရာဝတီဝိုင်းတော်သားတွေကနေပြီး ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းရာမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။ Posted by မင်းနိုင်သူ at 2:14 PM http://www.irrawaddyblog.com/