Pye Kun ZawSeptember 4, 20121min1257
တစ်ထွာတစ်မိုက် ဉာဏ်အမိုက်နှင့် အို.. လူမိုက်တို့ အကြိုက်လို်က်ကာ ဥဏ်မမှီရာကို ရှင်တော်မြတ်ဘုရား မဟောကြားဟု လွဲမှားမှတ်ယူ အို.. သူတို့ထင်ရာ ပေါက်ကရအမြင် ကမောက်ကမ တရားများကိုတော့ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့သယောင် ငရဲဆောင်မည့် ထို တရားဆုပ်ကိုင် အမိုက်ပြိုင်ကြ လူအန္ဓတို့ သံသရာမမှောက်မှားဖို့ ဂရုဏာရှေ့ထား သူတော်ကောင်းတရား ဟောကြားညွှန်ပြ ဆိုဆုံးမလည်း ထို ဒိဋ္ဌိအစွဲ မြဲမြဲခန့်ခိုင် မပြတ်နိုင်သရွေ့ လွဲပေ့အုံးတော့ ရခဲလှစွာ ဗုဒ္ဓမြတ်စွာ သာသနာတော်မှ…  


မိုးပြာအခန်းဆက် ကြီးကို ဖတ်မိပြီး သကာလ ကျွန်ုပ် ဆြာအုပ်သည်ကား တော်တော်လေးကို မခံချိမခံသာ ဖြစ်ခဲ့ပါတယ်.. နားလည်လို့တော့မဟုတ် ဘာတွေမှန်းကိမသိရလောက်အောင် နလပိန်းတုံးနေလို့ ဖြစ်ပါတယ်… ဒီတော့ရှာရသည်ပေါ့ဗျာ.. မိုးပြာအခန်းဆက် မှာ တွေ့ရတဲ့ comment တွေကလဲ တိတိပပ ချေပထားတာ မတွေ့ရတဲ့ အပြင်း အမြဲလက်ဇောင်းထက်နေတဲ့ ရွားသူ/သား တွေတောင် လက်ရှောင်နေတာ တွေ့ရပါတယ်..ဒီတော့ မိုးပြာဆို တာဘာလဲ ဆိုတာကို အရင်ကြည့်ရအောင်.. အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ကူးယူဖော်ပြထားတာ ဆိုပေမယ့် copy paste category ထဲကိုထည့်ထားရင် နောက်ကိုရောက်သွားတယ် ဆိုတာကြောင့် Creative Writing ထဲကိုထည့်သွင်းထားပါကြောင်း.. ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မဝိဟာရီ ဦးဉာဏ၏ ကိုယ်ရေးအကျဉ်း အမည် – ဓမ္မဝိဟာရီ ဦးဉာဏ မွေးသက္ကရာဇ် – ၁၃၀ဝ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။ နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် – ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀ […]