ဆူးSeptember 24, 20101min952
ဂါရီရယ်လ်မိချောင်းမျိုးဟာ လက်ရှိ ကမာ္ဘပေါ်မှာ အကြီးဆုံးမိချောင်းမျိုးဖြစ်ပါတယ်။ သေးသွယ်ရှည်လျားပြီး သန်မာသော နှုတ်သီးရှိပြီး ငါးသေး လေးများကို ဖမ်းစီးစားသောက်တတ်ပါတယ်။ အကောင်ကြီးတဲ့ သားကောင်မျုားကိုတော့ ဖမ်းစီးစားသောက်မှု့မပြုနိုင်ပါဘူး။ ရေထဲမှာတော့ အလွန်လျင်မြန်တဲ့သတ္တဝါဖြစ်သလို ကုန်ပေါ်မှာတော့ သိပ်ပြီးရွေ့ရှားမှု့မပြုပါဘူး။ နေပူစာလုံဖို့နှင့် သဲသောင်တွေမှာရှိတဲ့ အသိုက်များသို့သွားဖို့အတွက်သာ ကုန်ပေါ်မှာ နေခြင်ဖြစ်ပါတယ်။ အရွယ်အစားအနေဖြင့် ပေ ၂ဝ အထိကြီးတတ်ပြီး အလေးချိန် ပေါင် ၂ဝဝဝ ခန့်ထိ ကြီးထွားတတ်ပါတယ်။ အဓိကအားဖြင့် ငါးကိုသာစားတတ်ကြပြီး ဖားများနှင့် သေးငယ်တဲ့ရေသတ္တဝါအချို့ကိုလဲ စားတတ်ကြပါသေးတယ်။ မိတ်လိုက်တဲ့ ရာသီကတော့ နိုင်ဘာလမှ ဇန်နဝါရီလအထိဖြစ်တတ်ကြပြီး မတ်လနှင့် မေလတို့မှာအသိုက်ဆောက်ကြပါတယ်။ ဥပေါင်း အလုံးရေ ၃ဝ မှ ၅ဝ အထိဥတတ်ကြပြီး ရက်ပေါင်း ၉ဝ ကြာတဲ့အခါမှာတော့ ဥများမှ အကောင်ပေါက်ဖွားလာပါတယ်။ သက်တန့်ချိုမှ ကူးယူဖော်ပြပါသည်။