Ma MaJune 5, 20121min47770
ကျမကို ဧရာဝတီတိုင်းက မြစ်ဝကျွန်းပေါ်မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားပါတယ်။ ဟိုးးးးး အရင်ကဆိုရင် ချောင်ကျလွန်းလို့ လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲလှပါတယ်။ နယ်သူနယ်သား အများစုဟာ ရန်ကုန်ကိုမရောက်ဖူးကြသလို ရွှေတိဂုံဘုရားကို ဖူးချင်လိုက်တာလို့ ဘဝအိမ်မက် မက်ရုံတင် မက်ခဲ့ကြရပြီး သေသွားခဲ့ကြသူတွေလည်း အင်မတန်များလှတာပေ့ါ။ ဒေသထွက်ကုန် သားငါးသီးနှံ ဆန်ရေစပါး လွန်ပေါများပြီး ရိုးသားတဲ့ နယ်သူနယ်သားတွေနဲ့ မြစ်ချာင်းအင်းအိုင်ပေါများပြီး သာယာလို့ ကိုယ့်မွေးဇာတိကို ချစ်ခင်နှစ်သက်မိပါတယ်။ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ ဆိုတဲ့ စကားလို ပညာရေးမှာ ထွန်းကားစေလိုတဲ့ မိဘများက ကျမတို့ မောင်နှမေတွေအားလုံးကို ရန်ကုန်မှာ ကျောင်းတက်စေပါတယ်။ မိဝေး ဖဝေးဆိုတော့ မောင်နှမတွေအားလုံး တစ်ယောက်တစ်လက် တတပ်တအား ကိုယ်စီတာဝန်ထမ်းကြရတယ်။ မောင်နှမတွေထဲမှာ အကြီးဖြစ်သူတွေက ချက်ရေးပြုတ်ရေးကို တာဝန်ယူကြရသလို၊ အငယ်ဖြစ်သူတွေကတော့ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးတွေကို […]