Charm BoyApril 10, 20122min39221
တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမဝန်ဈေးတွင် ယနေ့ (ဧပြီ ၁၀)ရက် နံနက် ၁ နာရီခန့်မှ စတင်ပြီး မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပြီး ဈေး၏ သုံပုံနှစ်ပုံခန့် လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။ တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမဝန်ဈေးမီလောက်ကျွမ်းမှုကြောင့် လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၃ဝ ကျော်ခန့် မီလောင်ကျွမ်းခံရကြောင်း သိရှိရပြီး အတည်မပြုနိုင်သော သတင်းအရ အထည်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိပါသည်။ ယခုလောင်ကျွမ်းမှုတွင် အထည်ဆိုင်တန်း၊ အလှကုန်ပစ္စည်းဆိုင်တန်း ရွှေဆိုင်တန်းမှဆိုင်ခန်းများ အများဆုံးပါဝင်ကြောင်း သိရှိရသည်။ From : ELEVEN MEDIA GROUP FACEBOOK http://www.facebook.com/ElevenMediaGroup