လောင်သွားခဲ့ပြန်ပီ နောက်ထပ်ဈေးကြီးတစ်ခု။မော်လမြိုင်ဈေးကြီး၊မင်္ဂလာဈေးတို ့၊ရတနာပုံဈေးတို ့လဲ လောင်သွားခဲ့ပြီးပြီ။တန်ဖိုးပေါင်းမြောက်မြားစွာလဲ ဆုံးရှုံးသွားခဲ့ပါပီ။ဒါဟာ မတော်မဆပေါ့ဆမီးတွေဆိုရင် တော်ပါသေးရဲ ့၊အကယ်၍ ဈေးတွေကိုသာ ရွေးပြီးရှို ့နေတယ်ဆိုရင် တော့တော်တော်ကိုမကောင်းတော့ပါဘူး။ခုလဲ လောင်သွားပြန်ပီ ရခိုင်ပြည်နယ် ကဈေးတစ်ခု။……… ———— ရခိုင်ပြည်နယ် မင်းပြားမြို့တွင် (နိုဝင်ဘာလ ၁၂ရက်နေ့) ညနေ ရနာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာ မင်းပြားမြို့မဈေးကြီးတခုလုံးမှာ မီးလောင်ပြာကျသွားကြောင်း သိရသည်။ မီးလောင်ကျွမ်းပုံနှင့် ပတ်သက်ပြီး ဈေးအနီးအနားတွင် နေထိုင်သူ ဒေသခံအမျိုးသမီးတဦးက ယခုကဲ့သို့ ပြောသည်။ “ဈေးမီးလောင်တယ်လို့ စသိရတာက ညနေ ရနာရီလောက် ရှိမယ်ထင်ပါတယ်။ မီးအားကပြင်းတော့ ဘယ်လိုမှ ငြိမ်းမရပါဘူး။ အခု(ည ၁ဝနာရီ ဒေသစံတော်ချိန်)ထိ မီးက လောင်းကျွမ်းနေတုန်းပါပဲ။ ဈေးကြီးတခုလုံးလည်း ပြာကျသွားပါပီ။” မည်ကဲ့သို့ စတင်လောင်ကျွမ်းသည်ကိုမူ သူမအနေဖြင့် အတိအကျမသိရှိကြောင်းလည်း ပြောသည်။ […]