water-melonJanuary 19, 20121min16917
“ဂလောင် ဂလောင် အော် အူး”   မီးသတ်ကားဩအော ဆွဲသံကိုကြားလိုက်တယ်။ နာရီထကြည့် တော့၂နာရီခွဲရှိသေးတာ။ ဒါနဲ့ဝေးတယ်ထင်ပြီး ပြန်အိပ်မယ်ပေါ့ ဒါပေမဲ့အပြင်က အော်သံကြားလိုက်တယ် မီးတောက်ကြီးကို မြင်ရတယ်ဟေ့။ အိပ်ယာက ကုန်းထပြီး ထွက်ကြည့်တယ်။ ဘယ်မှာလောင်တာလဲ မေးတော့ မာလာကာခြံရပ်ကွက်တဲ့။ လူငယ်တို့ သဘာဝ စပ်စုချင်တာနဲ့ ဆိုင်ကယ်လေးနဲ့သွားကြည့်တာပေါ့။ ၈၄လမ်းအတိုင်းမောင်းသွားပြီး ဘုရားကြီးနောက်ပေါက် ကျောက်ဆစ်တန်းလမ်းကြားလေးထဲ ရောက်တော့ မီးသတ်က ဦးလေးကြီးတစ်ယောက်က မဝင်ရဘူးပြောတော့ ဒီနားလေးလို့ပြောပြီး ဆိုင်ကယ်အမြန်မောင်းပြီး ဝင်လိုက်ရတယ်။ကြောက်လည်းကြောက်တယ် အရင်တစ်ခါ မီးလောင်တာ သွားကြည့်တုန်းက အရိုက်ခံရဘူးတယ်။မီးသတ်ကားလာနေတာကို ဘေးမကပ်ပေးလို့ဆိုပြီး။ ဒါနဲ့ အထဲလည်းရောက်ရော မှောင်မည်းနေတာဘဲ မီးဖြတ်ထားလို့ထင်တယ်။ မီးသတ်ကားတွေကလည်း အပြည့်ဘဲ။ ဆိုင်ကယ်ကလည်း ဆက်မောင်းလို့မရတာကြောင့် အသိအိမ်မှာ ထားခဲ့တယ်။ သူတို့ကိုလည်း အားပေးရတာပေါ့။မီးကို နိုင်နေပြီဆိုပြီး။ ဆိုင်ကယ်ထားပြီး ခြေလျင်သွားကြည့်တော့ မီးသတ်ရဲဘော်တွေကလည်း […]