စေနDecember 3, 20101min15412
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးများ ထားရှိသည့် အနုပညာရှင်များအား အနုပညာဖျော်ဖြေခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ပိတ်ပင်ခံရသည့် အနုပညာရှင်များမှာ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ကျားပေါက်၊ အနဂ္ဂ၊ သံသာဝင်း၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီး၊ ချိုတူးဇော်၊ ကျော်သူ၊ ရွှေဇီးကွက်၊ နှင့် သန်းမြင့်အောင်တို့ ဖြစ်ပြီး၊ အချို့မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးထားခြင်းကြောင့် ဖြစ်ကြောင်း သိရပြီး၊ အချို့မှာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး မရှိသော်လည်း၊ အဆိုပါ အမွေးများ ထားရှိသူများနှင့် ဆက်သွယ်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ပိတ်ပင်ခြင်း ခံရတာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတင်းကြောင့် မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေးထားရှိသည့် အချို့အနုပညာရှင်များသည် သူတို့၏ အမွေးများ အားလုံးကို အလျင်အမြန် ရိတ်သိမ်းလျက် ရှိနေကြကြောင်း […]