kaiDecember 25, 20101min1454
နှစ်အတန်ကြာ နေထိုင်ခဲ့တဲ့ မြို့လေးကနေ ထွက်ခွါသွားဖို့ သေချာနေခဲ့တဲ့ ကိုယ့်အဖို့ ဒီနှစ်မြင်ရတဲ့ ဒီမြို့လေးရဲ့ခရစ်စမတ်ကြိုည မီးရောင်စုံလေးများဟာ နှုတ်ဆက်ခြင်းသင်္ကေတ ပုံရိပ်တွေအလားပါ။ နောင်နှစ်တွေမှာဆိုလျင်ဖြင့် အခြားတနေရာက ခရစ်စမတ်ကြိုညများရဲ့ ရောင်စုံမီးအလှကို တွေ့ကောင်းက တွေ့နိုင်မယ်ဖြစ်ပေမယ့်ဒီမြို့လေးက မီးရောင်လှလှတွေကိုတော့ မြင်ရတော့မယ် မဟုတ်ပေဘူးပေါ့။ ရွေ့လျောမျောလွင့်မှုသဘောရှိတဲ့ ဘဝတစ်ခုရဲ့ဖြစ်စဉ်မှာ ခုလိုပဲ ဆုံတွေ့ခြင်းကနေ ခွဲခွါရ၊ ကွဲကွာရာကနေ ဆုံတွေ့ရတာမျိုးက မဆန်းပြားတဲ့ အရာပဲလေ။ ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ နိယာမတစ်ခုရဲ့ အစိတ်အပိုင်းပဲ မဟုတ်လား။ တွေ့ကြုံဆုံကွဲ၊ ဖြစ်မြဲနိယာမ ဓမ္မသဘာဝမှာ ဘယ်အရာကိုများ ထာဝရတစ်ခုအဖြစ် စွဲယူသိမ်းပိုက်ထားဖို့သင့်ပါမတဲ့လဲ။ နံနက်ခင်းများမှာ အနီးဝန်းကျင်က ရပ်ကွက်စုံအတွင်း မကြာမကြာ လမ်းလျှောက်ဖြစ်ပေမယ့် ညချမ်းအချိန်များမှာတော့ ရပ်ကွက်အတွင်း လမ်းလျှောက်လေ့ မရှိတတ်ပါဘူး။ နေထိုင်ခဲ့တဲ့ နှစ်များစွာအတွင်း အခြားရာသီတွေရဲ့ ညဦးအချိန်မျိုးမှာ လမ်းလျှောက်ထွက်တတ်တဲ့အလေ့ မရှိပေမယ့် […]