black chawDecember 7, 20111min41029
မြန်မာလူမျိုးတွေမှာ ကရုဏာတရား အလွန်ထက်သန်ကြတာ ထင်ရှားပါသည်။ ကိုယ်ချင်းစာတရားကလည်း အလွန်အားကောင်းသော လူမျိုးအဖြစ် သတ်မှတ်နိုင်ပါသည်။ ဆင်းရဲဒုက္ခရောက်နေပြီများဆိုလျှင် အကူအညီပေးဘို့ မြန်မာ တွေလက်တွန့်နေလေ့မရှိပါ။ ရပ်ကွက်တစ်ခု မီးလောင်သည်ဟေ့ဆိုလျှင် ထမင်းထုပ် ကမ်းမည့်သူမရှား၊ အဝတ်အစား လှူ မည့်သူ မရှား၊ ငွေစကြေးစလေးများပင် စွန့်ကြဲဘို့ ဝန်မလေးကြပါ။ မိဘဆင်းရဲသည့် ပညာထူးချွန်သူများကိုလည်း ဖေါင်ဒေးရှင်းတွေဖွဲ့ပြီး အကူအညီပေးကြသည်အထိ ကရုဏာရော ကိုယ်ချင်းစာ စိတ်ပါ ပေါင်းစပ်တတ်သည့်လူမျိုးဖြစ်ပါ သည်။ ရပ်ကွက်ထဲမှ အဆင်မပြေသူ ရှိပါက ပေးဘို့ ကျွေးဘို့ ဝန်မလေး၊ လက်မနှေးတတ်ကြတာလည်း အားလုံးအသိပင်။ သို့သော် မုဒိတာတရား ထားသည့်နေရာတွင်တော့ မြန်မာလူမျိုးတို့ အလွန်အားနည်းကြသည်ဟု ကျွန်ုပ်က စွတ်စွဲချင်ပါသည်။ ရပ်ကွက်ထဲမှ အဆင်မပြေသည့်သူ တစ်ယောက်ယောက်များ ကံအကျိုးပေးလေးကောင်း၍ အလုပ်အကိုင်လေး များကောင်းလာပြီး ပြောင်ပြောင်ရောင်ရောင် ဖြစ်လာသည်နှင့် […]