moonpoemSeptember 15, 20111min18514
ကျွန်တော့်လို တိုင်းပြည်အတွက် အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ဖို ့လိုအပ်လာတဲ့လူတစ်ယောက်အနေနဲ့ကလေးငယ်တွေ လူငယ်တွေ အတွက် အကျိုးရှိရာ အကျိုးရှိကြောင်း ပညာတစ်ခု ပေးချင်လာပါတယ်။ အဲဒါကတော့ ဘာသာစကားတစ်ခုပါပဲ။ယနေ ့ခေတ်ကြီးထဲမှာ လုပ်ကိုင်စားသောက်ဖို ့ဆိုရင် အသိပညာရော ၊အတတ်ပညာနှစ်ခုလုံးပါလိုအပ်ပါတယ်။ ပြီးတော့ ဘာသာစကားတစ်ခုကို တတ်မြောက်မယ်ဆိုရင်လည်း အသုံးဝင်မယ်ဆိုတာ သေချာပေါက်ပါပဲ။ ဆိုတော့ကာ ကျွန်တော့်အနေနဲ ့ကတော့ လူငယ်တွေကို သင်ပေးဖို ့ရာ အတတ်ပညာဆိုလို ့ ဗိုက်ဆာရင် ထမင်းစားရမယ်၊ အိပ်ချင်ရင် အိပ်ရမယ်ဆိုတာကလွဲလို ့မယ်မယ်ရရ မတတ်လှပါဘူး(ဒါကြောင့်လည်း လူကြီး ဖြစ်နေတာပေါ့ ဟင်းဟင်း)။ ဒါပေမယ့် ဘာသာစကားသင်ပေးရမယ်ဆိုရင်တော့ ကျွန်တော်ဟာ အာဆီယံအစည်းအဝေးကိုသွားနေကြလူကြီး တစ်ယောက်ဖြစ်တဲ့အတွက် မိခင်ဘာသာစကားအပြင် အခြားဘာသာစကား၂မျိုးကို ထပ်မံသင်ယူရရှိထားပါတယ်။ အားလုံးသော ကလေးတွေအတွက် ကျွန်တော့်ရဲ ့ပညာကို ဒီလိုလေး မျှဝေပေးချင်ပါတယ်။ ပထမဘာသာစကားကတော့ […]