etoneJuly 21, 20101min74
နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်.. “မုန့်ဟင်းခါးတစ်ပွဲ ပဲကပ်ကြော်နဲ့…” “ အသုပ်တစ်ပွဲ ချဉ်ငံစပ်….” “ ဟင်းရည်ပေးပါဦး” စတဲ့အသံ မျိုးစုံနဲ့ နံနက်ခင်းဟာ အသက်ဝင်လို့နေပါတယ်.. အဲဒီအချိန်မှာပဲ ချောချောလှလှကောင်မလေး တစ်ယောက် ဆိုင်ရှေ့ရောက်လာတော့ မုန့်ဟင်းခါးကို အငမ်းမရစားနေတဲ့ ကောင်လေးတွေက စိတ်ဝင်တစ်စားလှည့်ကြည့်လိုက်ြ ကတယ်.. ကောင်လေးတွေ အများကြီးဝိုင်းကြည့်နေတော့ ကောင်မလေးလဲ ရှက်ရှက်နဲ့ မုန့်ဟင်းခါးတစ်ပွဲလို့ပဲ ခပ်တိုးတိုးလေးမှာလိုက်နိုင်ပါ တယ်….. လူကလဲရှုပ်နေတော့ ဆိုင်ရှင်ကလဲ ဘာနဲ့စားမှာလဲ မမေးမိတော့ဘူး.. ဒီလိုနဲ့ပဲ ကောင်မလေးရှေ့ကိုရောက်လာတဲ့ မုန့်ဟင်းခါးပန်းကန်က ငရုတ်သီး တွေအများကြီးနဲ့ မြင်ရတာနဲ့တင် ချွေးပြန်စရာ… ပြန်မှာရမှာလဲ ခပ်ရှက်ရှက်နဲ့ ဆိုတော့ ကောင်မလေး လဲဘာလုပ်ရမှန်းမသိ ဖြစ်လို့နေပါတယ်.. ဒါတွေကိုအစအဆုံး သတိပြုမိလိုက်တဲ့ ကောင်လေးတစ်ယောက်က ကောင်မလေးအနားကို သွားပြီးသူကငရုတ်ကို အလွန်ကြိုက်ကြောင်း မုန့်ဟင်းခါးစားတိုင်းလဲ […]