etoneAugust 24, 20102min1125
ဪ….မလျှောက်ဖူးတဲ့လမ်း အကြောင်းကို ဘယ်လိုနည်းနဲ့ သိနိုင်ပါ့မလဲနော်။ မရင့်ကျက်သေးတဲ့အရွယ်မှာ အထူးသဖြင့် ဆယ်ကျော်သက်တွေအရွယ်မှာ အဲလို တွေးတောဖူးတတ်ကြပေတယ်။ ဘယ်လိုနည်းနဲ့ သိနိုင်မလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတိုင်း ကိုယ်တိုင်လျှောက်ကြည့်လို့ ပြန်ဖြေလေ့ရှိခဲ့တယ်လေ။ တကယ်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်လို့ အဲလိုမျိုး ပြန်ဖြေမိတာလား၊ ပိုမိုတိကျတဲ့ အကြောင်းရင်းကို သိချင်နေလို့လား။ လူကြီးသူမတွေရဲ့ စကားက နားထဲမဝင်၊ လက်ခံနိုင်ဖို့မကြိုးစား၊ အယုံအကြည်မရှိ၊ ကိုယ့်ကိုကိုယ်သာ ပဲ့ကိုင်ရှင်ဖြစ်ချင်နေခဲ့တာပေါ့။ ဆယ်ကျော်သက်ဆိုတော့ ပြောရမှာခက်သားပဲ။ သူတို့ကို စတင်မိတ်ဆက်သူကတော့ ဆေးလိပ်ပေါ့။ တခါတလေ အရက်၊ ဘီယာတွေက စတင်မိတ်ဆက်သူ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ မူးယစ်ခြင်းကို ခံစားတတ်လာတာပေါ့ဗျာ။ ဆေးလိပ်၊ အရက်၊ ဘီယာ ဘာမှမသုံးဘဲ မူးယစ်ဆေးဝါးသုံးနေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း ပတ်ဝန်းကျင်အပေါ်မှာ မူတည်ပါတယ်။ မူးယစ်စေတတ်တဲ့ ဆေးဝါးတစ်ခုခုသုံးစွဲနေသူ တစ်ယောက်ကို […]