mamanoyarJune 27, 20121min29325
ကျောင်းစဖွင့်မယ့်ရက် ကျောင်းတက်ရမှာမို့ ကျမအိပ်ယာက စောစောထလိုက်ပါတယ်။ အိမ်မှုကိစ္စလေးတွေ လုပ်ပြီးတာနဲ့ သူမကျောင်းသွားဖို့ ရေချိုးပြင်ဆင်ရပါတော့တယ်။ သနပ်ခါးလူးပြီး အဖြူအစိမ်း လေးကို သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်လိုက်ပါတယ်။ ပြီးတာနဲ့ လိုအပ်တာလေးတွေထည့် ခြင်းလေးဆွဲပြီး ကျောင်းဘက်ဆီသို့ ခပ်သွက်သွက်လေး လျှောက်လာခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ ကျောင်းရောက်ပြီး အတန်းတွေခွဲ တာဝန်ပေးတော့ အခြား အတန်းတွေ တာဝန်မကျခင်  မနက်ခင်း မူကြိုထိန်းပေးဖို့  တာဝန်ပေးခြင်းခံရပါတယ်။ ဆရာမထဲမှာ အငယ်ဆုံးလည်းဖြစ်၊ ဆက်ဆက်ထိမခံချင်တဲ့ ကျမ အရမ်းကို ဆူပူပြီး တစ်ယောက်တစ်ပေါက် အော်သူကအော် ငိုသူကငို မိဘတွေအချို့က လိုက်ပို့သူကပို့နဲ့ အင်မတန်မှဆူညံ နေတဲ့ မူကြို ကျောင်းသားတွေ ရှိတဲ့နေရာကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်မိပါတယ်။ အတန်းထဲလဲဝင်ရော တစ်ယောက်တစ်ပေါက် နဲ့ ကလေးတွေကို ဘယ်လိုစထိန်းချုပ်ရမယ်ဆိုတာ စဉ်းစားရပါတော့တယ်။ ဒါနဲ့ ကျောင်းခန်းအပြင်ဖက်က […]