မြသဲ ( 17082011 )May 26, 20131min19133
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့။ ကျွန်မမိတ်ဆွေတွေ ဖြစ်ခဲ့တာလေးပြောပြချင်တာပါ။ အကြာင်းအရာကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ ဖြစ်တတ်တယ်။ ဖြစ်ခဲ့တယ်ဆို တာလေး ပြောပြချင်တာပါ။ ကျွန်မမိတ်ဆွေရုံးကပေါ့။ သူကနိုင်ငံတကာရုံးကြီးပေါ့။ သူတို့ရုံးက တနှစ်တော့ ပြက္ခဒိန်ထုပ်မယ်။ ရုံးကဝန်ထမ်းတွေပုံနဲ့ပေါ့။ အဲဒါနဲ့ နေရာရွေး ကြတော့ ကန်တော်ကြီးကရှု့ခင်းလှတယ်ပေါ့။ အဲလိုနဲ့ တူညီဝတ်စုံတွေဝတ်ပြီး တရုံးလုံးပျော်ပျော်ပါးပါးချီတက်ကြတာပေါ့။ ရိုက်မဲ့ ဓါတ်ပုံဆရာကလဲ နာမည်ကြီး ( သက်ကြီး တန်းပေါ့ )။ ဆားဗစ်ကမနဲဘူး။ ဒီပုံကို သူကိုယ်တိုင်ရိုက်မယ်ဆိုပြီး သူကိုယ်တိုင် တပည့်တပန်းတွေနဲ့လာပါတယ်။ နေ့ဝက်လောက် ပိုစ့်အမျိုးမျိုးနဲ့ရိုက်ကြတယ်ပေါ့။ ရုံးက နိုင်ငံခြားသားတွေလဲပါတယ်။ နေပူထဲမှာ တဝုန်းဝုန်းနဲ့ပေါ့။ အဲချိန်မှာပဲ သူတို့ရုံးက ဝန်ထမ်းလေးတစ်ယောက်က သူ့မှာပါလာတဲ့ ဒစ်ဂျစ်တယ် ကင်မရာလေးနဲ့ သူကလဲ အားကျမခံ ဓါတ်ပုံဆရာကြီးရိုက်တဲ့ပိုစ့်တွေလိုက်ရိုက်တာပေါ့။ အပျော်တမ်းပေါ့။ ရုံးကလူတွေကလဲ သူ့ကိုစနောက်ပေါ့။ အဲလိုနဲ့ စိတ်တိုင်းကျဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ လူစုခွဲလို့အိမ်ပြန်ကြပါတယ်။ […]