Wai PhyoeJune 19, 20122min1332
SuperComputers ဒီတစ်ပတ်မှာတော့ကွန်ပျူတာနယ်ပယ်နှင့်အကျွမ်းတဝင်မရှိသေးသောသူများအတွက် “စူပါကွန်ပျူတာ” အမျိုးစားနှင့်မိတ်ဆက်ပေးလိုက်ပါရစေ။သာမန်အားဖြင့် ကျွန်တော့်တို့တွေခွဲခြားထားတာက PC နဲ့ Laptop ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။တကယ်တော့ ဒီနှစ်မျိုးထဲမကပါဘူးတခြား SuperComputer,Mainframes နဲ့ WorkStation တွေဆိုတာရှိပါသေး တယ်။အဲ့ဒီ ၃မျိုးထဲမှစိတ်ဝင်စားစရာ SuperComputer အကြောင်းကိုအခြေခံလေးပြောချင်ပါတယ်။ Super Computer တွေဆိုတာခုလက်ရှိမြင့်ပါတယ်ဆိုတဲ့ Computer တွေမဖြေရှင်းနိင်မကိုင်တွယ်နိင်သေးတဲ့ပြသာနာတွေကိုတွက်ချက်ဖို့အတွက်အထူးဒီဇိုင်းဆွဲထား တဲ့ကွန်ပျူတာကြီးတွေလို့အကြမ်းဖျင်းဆိုနိင်ပါတယ်။ SuperComputer တွေကိုဥပမာအားဖြင့် ကားတွေဒီဇိုင်းဆွဲရာတွင်သောလည်းကောင်းလေယဉ်ပျံများတည်ဆောက်ရာတွင်လည်းကောင်းအ ထူးသုံးကြပါတယ်။ခုဆိုရင်အာကာသယဉ်တွေကိုအကောင်းဆုံးဒီဇို်င်းဆွဲရာတွင်လည်း SuperComputer တွေကမပါမပြီးဖြစ်လာပါပြီ။အဲ့ဒါတွေအပြင် ရာသီဥတုခန့်မှန်းတာတွေ၊ဆေးဝါးအသစ်တွေ တည်ထွင်ဖို့တွက်ချက်တာတေ၊ွဓါတုဒြပ်ပေါင်းတွေတည်ထွင်ရာမှာလည်းသုံးကြပါတယ်။Scientist တွေကလည်း Atomများနဲ့ဖွဲ့စည်းထားတဲ့Particlesတွေ၊ကြယ်တွေGalaxyတွေတည်ဆောက်ပုံက အစ SuperComputer တွေနဲ့ပဲတွက်ချက်နေရပါတယ်။ SuperComputer များကိုအကျယ်ပြန့်ဆုံးသုံးသော Field များကိုပြပာုဆိုပါကစစ်တပ်များမှာအတွင်ကျယ်ဆုံးသုံးကြပါတယ်။SuperComputer များကတာဝေးပြေးလက်နက်များကိုထိန်းချုပ်ရာတွင်အတိကျဆုံးနှင့်အမြန်ဆုံးဖြစ်ပါသည်။အချို့နေရာများတွင်လည်းSuperComputer များကိုနည်းပေါင်းစုံနှင့်သုံးကြပါသည်။ Super Computerများနှင့်တခြား Computer များကွာခြားချက်မှာ SuperComputerများသည် ပြသာနာတစ်ခု Task တစ်ခုတည်းကိုသာ တစ်ချိန်တည်းတွင်ဖြေရှုင်းပါသည်။ ဆိုလိုရင်းမှာ Task တစ်ခု […]