နယ်မြေသစ်များစွာရှေ့က….တူတူသိမ်းပိုက်မှာဘဲဟေ့။ဆိုတော့ အဆိုတော်အငဲ ရဲ ့LMN စီးရီးကိုသွား သတိရမယ်ထင်ပါတယ်။မဟုတ်ပါဘူး ခုက စကြဝဠာရဲ ့အပြင်ကိုခြေဆန် ့နေတဲ့ သိပ္ပံပညာရှင်တွေရဲ ့အကြောင်းကို သတင်းစာထဲဖတ်ရတော့ ပြန်ဝေမျှလိုက်တာပါ။သိပြီးတဲ့လူတွေလဲရှိနိုင်သလို၊မသိသေးသူတွေ လဲရှိနိုင်ပါတယ်။     နေစကြဝဠာအပြင်ဘက်မှာ ဂြိုဟ်သစ် (၁၁)လုံးကိုနာဆာရဲ ့ကီပလာအာကာသ အဝေးကြည့်မှန်ပြောင်းဖြင့် ရှာဖွေတွေ ့ရှိခဲ့ပြန်ပါပီ။ထို ့ပြင် နေစကြဝဠာအပြင်ဘက် မှာ စုစုပေါင်းဂြိုဟ်သစ် (၂၆)လုံးတွေ ့ရှိထားပြီးဖြစ်ကြောင်း FEB 2nd နေ ့မှာသတင်း ထုတ်ပြန်ထားပါသည်။     ယခုတွေ ့ရှိထားသော. ဂြိုဟ်သစ်များ၏အရွယ်အစားမှာ ကမ္ဘာဂြိုဟ်ရဲ ့အချင်း ထက် ၁.၅ ဆ မှ ၅ ဆထိ ပိုမိုကြီးမားကြောင်းနှင့် ၎င်းတို ့သည် သောကြာဂြိုဟ်အ ရွယ်နီးပါးရှိသည်ဟု နာဆာမှ ထုတ်ဖော်ပြောကြားလိုက်သည်။ယခုတွေ ့ရှိရသော  ဂြိုဟ်များကိုလေ့လာသည့် ကီပလာအာကာသအဝေးကြည့်မှန်ပြောင်းမှာ နေဂြိုဟ်ကို လဲအနီးကပ်လေ့လာနိုင်သည်။၎င်းမှန်ပြောင်းဖြင့်ပင် နေစကြဝဠာအပြင်မှ ဂြိုဟ်သစ် ပေါင်း (၆၀)ကျော်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။    […]