ဆူးJuly 9, 20111min22623
အလှူကိစ္စ တခုနဲ့ နယ်ဘက်ကို ခရီးထွက်သွားတော့ အမျိုးတွေကလည်း ရှိပြန်တော့ ဧည်သည် သွားလုပ်ပြီး စကားလေး ရှေးဟောင်းနှောင်းဖြစ် မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ အကြောင်း စုံနေအောင် စမြုံပြန်နေကြတာပေါ့။ အဲဒီ အိမ်ရဲ့ ဘေးကပ်ရပ်က သင်္ကန်းရောင်းတဲ့ ဆိုင်တဆိုင် ဖြစ်နေတဲ့ အပြင် ထိုဆိုင်နဲ့ နှစ်အိမ် တစ်အိမ်လို ဖြစ်နေကြပါတယ်။ နယ်မှာ နေတဲ့ လူတွေ တော်တော် များများ က ထိုကဲ့သို့ ဖော်ရွေပြီး အချင်းချင်း ရိုင်းပင်း ကူညီတတ်ကြတယ်။ ဒီလိုနဲ့ စကားထိုင်ပြောပြီးနေတုန်း စကားဆူဆူညံညံ ကြားတော့ ထပြီး သွားကြည့်လိုက်ကြတယ်။ ဟဲ့… ဟဲ့.. ဘာဖြစ်တာလဲ.. အပြေးသွားကြည့်တော့.. ဘေးနားက သင်္ကန်းရောင်းတဲ့ ဆိုင်မှာ ဘုန်းကြီး တပါး အသက် ၄၅ […]