koyin sithuSeptember 6, 20121min20714
တစ်ခါတုန်းက လူတစ်ယောက်ဟာ ကျွန်တော့်ကို အွန်းလိုင်းမှာကော၊ ဖုန်းထဲမှာပါ ပြင်းပြင်းထန်ထန် ဆဲရေး တိုင်းထွာတာခံဖူးပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ဆရာသမားတွေရဲ့ အဆုံးအမအကြားမှ မို့လို့ စိတ်ရှည်သည်းခံနေခဲ့ပေမဲ့ အခုချိန်ဆိုရင်တော့ ကျွန်တော် ဒေါသနဲ့ တစ်ခုခု တုံ့ပြန်မိမှာသေချာပါတယ်။ လွန်ခဲ့တဲ့အချိန်ကာလတစ်ခုက ကျွန်တော်ဟာ တားရော့ဗေဒင်ထုတ်လေးနဲ့ မဟာဘုတ်မှတ်စုစာအုပ်လေးကိုင်ပြီးတော့ အဘမင်းသိင်္ခတပည့်ကြီးတွေနောက် လိုက်ရင်း ဗေဒင်ဟောပြခဲ့ဖူးတယ်။ အစုလိုက်နယ်ထွက်ပြီး အခမဲ့ဗေဒင်ဟော ဒါနပြုကြတဲ့ စီနီယာ တပည့်ကြီးတွေနောက်က ပညာသင်ရင်း လိုအပ်တာ ကူညီရင်း သူတို့မောလို့ နားတဲ့အချိန်မှ ရောက်လာတဲ့ သူတွေကို သိသမျှလေး ပြန်တွက်ပေးတာလောက်ပါ။ မှတ်မှတ်ရရ နယ်မြို့လေးတစ်ခုမှာပေါ့ အဲ့ဒီလူရဲ့ ပြတ်သွားတဲ့ ရည်စား ကောင်မလေးတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်က ဗေဒင်ဟောပေးခဲ့ဖူးတယ်။ ကျွန်တော်ဗေဒင်တွက်ပေးပြီး သိပ်မကြာမှာပဲ အဲ့ဒီကောင်မလေးဟာ ထိုလူနဲ့ ပြတ်သွားကြပါတယ်။ ဒီလူရဲ့ […]