manawphyulaySeptember 29, 20111min1419
လူသားတစ်ယောက်သည် မွေးဖွားသည့်အချိန်မှစပြီး ရွေးချယ်၍ ရနိုင်သည့်အရာနှင့် ရွေးချယ်၍ မရနိုင်သည့် အရာတို့က တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်ဟု ဆိုနိုင်ပါသည်။ ရွေးချယ်၍ မရနိုင်သော အရာကတော့ လူတစ်ယောက်ရဲ့ ရုပ်ရည်အဆင်းသဏ္ဌာန်ပင်ဖြစ်ပါသည်။ မည်သူမဆို ရုပ်ရည်ရူပကာ လှပချင်ပါသော်လည်း ထိုမိမိမွေးရာပါ အကောင်း ပကတိရုပ်ရည်ရူပကာအား ရွေးချယ်ပိုင်ခွင့်မရှိချေ။ တချို့က ပြောကြမည် ပလတ်စတစ်ဆာဂျီ လုပ်ရင် ရတာပဲလို့ ဆိုချင်ဆိုကြမည်။ ထိုကြောင့် အကောင်းပကတိလို့ သုံးနှုန်းထားခြင်းဖြစ်ပါသည်။ မိခင် ဖခင်တို့၏ မျိုးရိုးဗီဇအရ အသားအရေ မည်းခြင်း၊ ဖြူခြင်းရှိနိုင်သည်။ သို့သော် ရုပ်ဆင်းရူပကာမှာ လှချင်မှ လှမည်၊ ရုပ်ဆိုးချင်လည်း ဆိုးနိုင်ပေသည်။ မည်သည့်နည်းနှင့်မျှ ရွေးချယ်၍ မရနိုင်ချေ။ ကိုယ်လက်အင်္ဂါ မပြည့်မစုံနှင့် မွေးဖွားလာသည့်ကလေးများပင် အနမတဂ္ဂရှိပေသည်။ တစ်ဖန် ရုပ်ဆင်းရူပကာလှသည့် ကလေးဖြစ်စေ၊ မလှသည့်ဖြစ်စေ ထိုကလေးအဖို့ […]