manawphyulayJanuary 29, 20111min34039
ကျွန်မရဲ့နာမည် ………… မနောဖြူလေး ကျွန်မကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် ………… မနော ကျွန်မဒီမှာနေတယ်………… နေစကြဝဠာ၊ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးရဲ့အောက် ကမ္ဘာမြေပေါ်တစ်နေရာ ကျွန်မဆီဖုန်းဆက်ချင်ရင်………… လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုအတွင်းတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင် ကျွန်မရဲ့အကြိုက်ဆုံးတွေက အရောင်ဆိုရင်………… မိုးပြာရောင် အဝတ်အစားဆိုရင်………… သွားလို့လာလို့နေလို့ထိုင်လို့ သင့်တော်ပြီး သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်မှု (မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အဝတ်အစား) အစားအစာဆိုရင်………… စားချင်တဲ့အစားပဲစား မစားချင်တာ ကျွေးလို့မရ(ဝက်သား၊ အမဲသားမစား) ပစ္စည်းဆိုရင်………… ကိုယ့်မှာရှိတာ မြတ်နိုးတယ် သီချင်းဆိုရင်………… အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊ ရှိသေးတယ် မရေးတော့ဘူးနော်။ စာရေးစာဆရာ………… ပါရဂူ၊ နတ်နွယ်၊ မင်းကျော်၊ ကျော်အောင်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ […]