manawphyulayJanuary 21, 20121min26421
အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ သတိရခြင်းက ငါ့ရင်ဘတ်ပေါ် အလွမ်းတွေက ပြိုကျ မျှော်လင့်တိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေက ညနံရံတွေကို တစ်စစီ ရိုက်ခတ်တိုက်စားလို့ နာရီတွေသာ အချိန်မှန် ပုံမှန်လည်ပတ်နေမြဲ အချိန်တွေကို ဝါးမြို တစ်စတစ်စနဲ့ ရာသီတွေအလီလီပြောင်း နှစ်ဟောင်းတွေကုန် နှစ်သစ်တွေကူးပြန်ပါပေါ့ မပြောင်းလဲသေးတဲ့ ဘဝနဲ့လောကတွင်း ဖြတ်သန်း လွမ်းမိတိုင်းလည်း စဉ်းစားမရ ဘာကို ဘယ်လိုလွမ်းမိမှန်းလည်း မသိ အလွမ်းသံသရာသာ ရှည်လျားနေခဲ့ တမ်းတမိတဲ့ အိပ်မက်တိုင်း မင်းရဲ့အရိပ်များ ညစဉ်မက်စေခဲ့ ငါ့ရဲ့အတ္တများ ခုတော့… အိပ်မက်တွေနဲ့ မျောပါခဲ့ပေါ့ လွမ်းတိုင်း မက်ခွင့်မရှိတဲ့ အိပ်မက်ချစ်သူရယ် ညတိုင်း အိပ်မက် မက်ခွင့်ပေးပါ….


manawphyulaySeptember 21, 20111min1316
မျှော်လင့်ချက်တိုင်းမှာ အနာဂတ်တွေ တောက်ပချင်ပါတယ်ဆိုတဲ့ ငါ နူးညံ့တဲ့ လေပြည်လေးတွေလာရောက် တိုးဝှေ့တိုက်ခတ်တိုင်း ငါ့အတွက် နောက်ထပ် အိပ်မက် ရောင်ခြည်တိုင်းဟာ နေ့သစ်အတွက် လှပလို့ နေမိတယ်… ငါ့ရဲ့ ပုံသေနည်းကားချပ်ထဲမှာ ကမ်းလင့်နေမယ့် လက်တစ်စုံ ဘယ်ဆီဘယ်ဝယ် ရောက်နေသည်မသိ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်နေတဲ့ ရယ်မောသံတွေကြားထဲ အပြုံးမပျက်ပဲ ရဲရဲဝင့်ဝင့် ရပ်တည်နေတာကတော့ တစ်ချိန်မှာ ဆုံလာမယ့် လိုချင်တဲ့ အကြောင်းအရာတွေဟာ အပေါ်ယံ အပြုံးတွေမဟုတ် မှော်ဆန်တဲ့ ညှို့ယူဖမ်းစားမှုတွေမပါ ငွေကြေးဆန်တဲ့ သာယာမှုမျိုးလည်းမလို ပကတိ ရိုးသားဖြူစင်တဲ့ အပြုံးတွေ နူးညံ့သိမ်မွေ့ပြီး ချစ်တတ် ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်…. အရာရာကို သည်းခံခွင့်လွှတ် နားလည်မှုပေါင်းများစွာနဲ့အတူ ရင်ခွင်တစ်စုံက ဆန့်ထုတ်လိုက်တဲ့ မြတ်နိုးကြင်နာခြင်း အပြည့်နဲ့ လက်တစ်စုံကိုပဲ ငါလေ မက်မောမျှော်လင့်လို့ နေမိတယ်…… မနောဖြူလေး […]


manawphyulaySeptember 12, 20111min19114
ချစ်သူ… အရိပ်လေးမှာ ငြိမ်းအေးစွာနှင့် နားပါလှည့်လား ခရီးသွားဖော်ပျော်သလောက်လေ… ချစ်သူ… ဒီအရိပ်က ဂုဏ်ရွှေငွေ ဆိတ်သုန်း အပြုံးဝေဆာ အကြင်နာနှင့် မေတ္တာတွေသာ ပေါများတယ်… ချစ်သူ… စိတ်ကစားလို့ အရိပ်မှားပြီး မနားချင်လည်း သဘောပဲလေ ရှိစေတော့ကံ ဝေးဖို့ဖန်မှ ကျွန်မ ဖြေသိမ့်နေပါ့မယ်… ချစ်သူ… နားလိုက နား သွားလိုက သွား ပြန်လိုက ပြန် သံယောဇဉ်ပြတ်ချင်ပြတ် ကျွန်မကတော့… လွမ်းတတ်တယ်ရှင်… မနောဖြူလေး ခံစားရေးဖွဲ့သည်။