manawphyulaySeptember 16, 20111min14610
စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ မင်းအချစ်တွေ မဟုတ်ဘဲ ဆူးတစ်ချောင်းသာဆိုရင်တော့ အသည်းမှာ ဒဏ်ရာကျန်ခဲ့စေဦး နုတ်ပစ်မိမှာ အမှန်ပါ အဲံဒီအတွက် ခံစားချက်မဲ့စွာ။ စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက် မင်းသိအောင် ပြောဖို့ ခက်ခဲရင်း မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ ခုတော့ ဒဏ်ရာများစွာ။ ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်ကို ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ မေ့ပစ်လိုက်ဖို့ ပြောရအောင် အဲဒါက အိပ်မက်မှ မဟုတ်တာ။


manawphyulaySeptember 11, 20111min1429
မလာနိုင်မှန်းသိရက်နဲ့ မျှော်ခဲ့မိတာ အကြိမ်ကြိမ် မမြင်နိုင်မှန်း သိရက်နဲ့ ရှာခဲ့မိတာ အခါခါပါ။ အိပ်မက်မှာ စွဲလမ်း ရင်ထဲမှာ တမ်းတနေပေမယ့် အိပ်မက်က လန့်နိုး သူ့အရိပ်တွေ ပျောက်ဆုံးနေဆဲ လွမ်းရတဲ့ ဒီရင်ကို သူလေ မမြင်နိုင်ပါဘူး။ ပျောက်ဆုံးနေတဲ့ ချစ်သူ့အရိပ် မှန်းလို့ ဖွေရှာရင်း မလွှဲသာ ဟန်ဆောင်အပြုံးနဲ့ စောင့်မျှော်နေဆဲ ဆုံနိုင်ခွင့်မရှိသေးတဲ့ အဝေးတစ်နေရာမှာ သူ့အပြုံးတွေ မှန်းဆရင်း လွမ်းနေရပေမယ့်….. ဖြေသာတယ်။ မနောဖြူလေး ခံစားသီဖွဲ့သည်။