manawphyulayNovember 20, 20101min782
ချစ်သူ မုန်းသူ လာတယ် မိတ်ဆွေ ရန်သူ လာတယ် လူရင် သူစိမ်း လာတယ် လူကောင်း လူဆိုး လာတယ် ကြွယ်ဝသူ ဆင်းရဲသူ လာတယ် ပညာရှင် ပညာမဲ့ လာတယ် အမျိုးသား အမျိုးသမီး လာတယ် ….. လာတယ် …… လာတယ် ခြံဝင်းမဲ့ သော့ခလောက်မဲ့ အစောင့်အရှောက်မဲ့ အိမ်နဲ့ မတူတဲ့ အမိုးအကာမဲ့ အိပ်မက်အိမ်ကြီးထဲကို ဘယ်လို လူမျိုး လာပါ ဘယ်လို လူမျိုး မလာရ သမ္မာဒေဝနတ်များ လာပါ ပြိတ္တာ ငရဲသားများ မလာရ စည်းဘောင်ချဖို့ ငါ့မှာ ရွေးချယ်ကန့်သတ် ပိုင်ခွင့်မှ မရှိဘဲကွယ်