manawphyulayAugust 17, 20111min1387
ဂလိုဘယ်လိုက်ဇေးရှင်းနှင့်ယှဉ်ပြီး ခေတ်မီတိုးတက်နေတဲ့ ဈေးကွက်စီးပွားရေးခေတ်ကြီးလို့ တဖြည်းဖြည်းပြောလို့ရလာတဲ့ အနေအထား ဖြစ်ထွန်းပေါ်ပေါက်သော ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်လာနေတာ တွေ့ရပါတယ်။ မျက်စိရှေ့မှာ စူပါမားကတ်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ရှောပင်းမောတွေစတဲ့ တိုက်တာ အဆောက်အအုံကြီးတွေလည်း တိုးတက်များပြားလာနေသည် မဟုတ်ပါလား။ ဟော နောက်တစ်ချက်က မြို့ထဲ တိုက်ဟောင်းတွေဖြို၊ တိုက်သစ်တွေဆောက် ကြိုတင်လေလံဈေးတွေနဲ့ ရောင်းချ၊ စီးပွားရေးသမားတွေက နေရာကောင်းကောင်း သူ့ထက်ငါ အလုအယက်ဝယ်ယူ၊ ဆိုင်ခန်းတွေဆောက်နဲ့ နေရာတိုင်းမှာလည်း အရောင်းစင်တာကြီးတွေ ဖြစ်လို့နေပါပြီ။ ဒါတွေပဲလားဆိုတော့ ဆက်ကြည့်ပါဦး။ ရပ်ကွက်တွေမှာဆိုရင်လည်း လူနေတိုက်ခန်းမြေညီထပ်တွေ၊ အိမ်ရှေ့အဖီတွေဆိုရင်လည်း စတိုးဆိုင်တွေကနေပြီး အနည်းဆုံး စုံစီနဖာဆိုင်ကလေးတွေ အဆုံး အစီအရီရောင်းနေကြတာလည်း မျက်မြင်ကိုယ်တွေ့ပါပဲ။ နောက်ပလက်ဖောင်းတွေ လမ်းကြိုလမ်းကြားတွေမှာလည်း ဈေးဆိုင်၊ ပန်းခြံကားဂိတ်တွေမှာလည်း ဈေးဆိုင်တွေနဲ့ပြည့်လို့။ ဒါကြောင့်ပြောတာ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ စီးပွားရေးခေတ်လို့၊ ဒါပေမယ့် တချို့ကျတော့ နည်းပညာခေတ်လို့ ပြောနေကြပြန်ရော။ […]