ဗုံဗုံDecember 4, 20121min38440
ထမင်းတစ်အိုးချက်ခန့် ကြာသောအခါတွင်မူ နန်းတော်တွင်းသို့ သိက္ခာတော်အပြည့်ဖြင့် စည်သူဆရာတော် ဒိုင်ဗင်ထိုးတော်မူ၍ ကြွလာလေသည်။ ခိုင်ဘုရင်ကြီးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးလျင် ဆရာတော်အား နေရာထိုင်ခင်းပေးပြီး ပုဆစ်တုတ် ထိုင်နေတော်မူလေသည်။ ဆရာတော်က ထန်းလက်ယပ်ကြီး ကိုကိုင်၍ “ ကဲ ဒါကာတော်မင်းကြီး လျှောက်စရာရှိတာ လျှောက်လေ ဆရာတော် သိပ်မအားဘူး  ဒီကပြန်ရင် ဆိုမာလီတွေကို လက္ခဏာ ကြည့်ပေးစရာ ရှိသေးတယ်ကွဲ့ “ “မှန်ပါ့ဘုရား” ဟုဆို၍ ဘေးဘီဝဲယာကို လှည့်ကြည့်နေလေသည်။ အနားတွင် ယပ်တော်သွင်းနေသော မောင်ဆာမိမှာလည်း ယပ်တောင်ဖြင့် ဖတ်ကနဲ မျက်နှာကို ကွယ်လိုက်လေသည်။ အမတ်တွေလည်း လေးစားရိုသေသော ပုံစံဖြင့် မျက်နှာနဲ့ ကြမ်းပြင် အပ်ထားကြလေသည်။ ဘုရင်တစ်ပါးတည်း ငုတ်တုတ် ။ မည်သူမျှ မလျှောက်တင်ရဲကြ ။ ရှက်ရှာကြမှာပေါ့ ဒီအရွယ်ကြီးကျမှ […]