၁၉၉၉ လောက်ကကျွန်မတို့ကျောင်းတွေပိတ်ထားတုန်း သူငယ်ချင်းကျောင်းဆရာမလုပ်နေတဲ့ရွာကိုသွား လည်ဖို့ ကျွန်မတို့သူငယ်ချင်းတွေ တိုင်ပင်ပြီးသွားဖို့စီစဉ် ခဲ့ကြပါတယ်။ သွားမဲ့နေရာကတော့ မြန်မာနိုင်ငံရဲ့ ရထားလမ်းဆုံးသာရဝေါမြို့လေးနားက ရွာလေးတရွာကိုပေါ့။ သွားဖို့ကိုရထားနှစ်ဆင့်စီးရပါတယ်။ ကျွန်မ တို့မြို့ကနေ လက်ပန်တန်းမြို့ကိုတဆင့် အဲဒီကမှ သာရဝေါမြို့ကိုရထားဆက်စီးရပါတယ်။ လက်ပန်တန်း ရောက်တော့ ရထားပြောင်းစီးကြပါတယ်။ ဖြစ်ချင်တော့အဲဒီသာရဝေါ ရထားကလက်ပန်တန်း မှာပျက် ပါလေရော။ ကျွန်မတို့ကတော့စိတ်မပျက်ပဲပိုပျော်သွားပါတယ်။ လက်ပန် တန်းမြို့ထဲကိုလည်ရတော့မှာမို့ပါ။ အဲဒါနဲ့အစီအစဉ်ထဲ မပါတဲ့လက်ပန်တန်းမြို့ကိုလည်ကြတာပေါ့။ အဆိုတခုရှိတယ်လေ။ အဲမြို့အကြောင်းသိ ချင်ရင်အဲမြို့ကဈေးကိုသွားကြည့်ဆိုတော့ကျွန်မတို့လဲဈေးကိုချီ တက်ကြတာပေါ့။ စားချင်ရာစားပြီး ဝယ်ချင် တာ ဝယ်ရင်းအဲမြို့စီးပွားရေးလူမှု့ရေးတွေကိုလေ့လာခွင့် ရခဲ့ပါတယ်။ နောက်တော့ရန်ကုန်ကစက် ခေါင်း လာတော့ရထားဥဩဆွဲသံကြားမှ ရထားဆီကိုပြန်ပြေးရင်း သာရဝေါကိုချီတက်ခဲ့ပါတယ်။ လမ်းတလျောက် မှာတော့ ရထားလမ်းဘေးမှာဖြစ်သလိုတဲပေါက်ကလေးတွေ ထိုးပြီး အင်းတွေမှာလုပ်နေတဲ့ မိသားစုတွေ ကိုတွေ့ခဲ့ရပါတယ်။ ကလေးတွေကလဲအိမ်နဲ့တောင်မလိုက်အောင်ကို များနေတာလဲသတိထားခဲ့မိပါတယ်။ မိဘတွေကြည့်လိုက်တော့လဲ ဒီကလေးတွေ ရဲ့ […]