manawphyulayMay 22, 20121min691
မလေးရှားကနေ မြန်မာပြန်တော့ ထိုင်းနိုင်ငံဘက် ရောက်ခဲ့သေးတယ်ဆို။ အဲဒီမှာ တွေ့ကြုံပုံလေးတွေလည်း ပြောပြပေးပါလား။ မလေးရှားမှာ ဒုက္ခနဲ့ သုခပေါင်းစုံ ခံစားရင် မြန်မာပြည်ကို လေးနှစ်နဲ့ နှစ်လ အကြာမှာ suband လေဆိပ်မှ တစ်ဆင့် ပြန်လာခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်သော်လည်း နိုင်ငံခြားမှာ နေခဲ့သူမို့ ကိုယ့်နိုင်ငံမှာ ငွေရှာဖွေရ ခက်ခဲသေးတာကြောင့် ဒုတိယမြောက် ပြန်ထွက်ဘို့ တာဆူရပြန်ပြီပေါ့ဗျာ။ဒီလိုနဲ့ မြန်မာပြည်မှာ ခြောက်လလောက်နေခဲ့ပြီးတဲ့ အခါမှာတော့ passport ပြန်လျှောက်ပြီး နိုင်ငံခြားပြန်ထွက်ဘို့လုပ်ခဲ့ရပြီပေါ့နော်။(နိုင်ငံခြားမှာ ရှိတဲ့ မြန်မာသံရုံးမှာ အခွန်တွေဆောင် ဒဏ်ကြေးတွေပေးနဲ့ နိုင်ငံတော် အတွက် ငွေတွေ ကုန်ခဲ့တာကိုတော့ သိလိုမှာ မဟုတ်တဲ့အတွက် ချန်ထားပါရစေနော်။အသေးစိတ်သိလိုသူများ ရှိရင်တော့လည်း အခါအခွင့်သင့်ရင်ဖြင့် ဖော်ပြပေးပါမယ်ခင်ဗျာ။)ဒီတစ်ခေါက်တော့ ပထမ တစ်ခေါက် အတွေ့အကြုံအရ ထိုင်းနိုင်ငံ ဗီဇာ မယူခဲ့ပဲ […]