နွေဦးNovember 27, 20121min1719
ကျွန်တော်တို့ အမြဲကြားနေ ဖတ်နေရတာတွေက “သင့်အလုပ်ရှင်ကို အဆင်ပြေအောင်ဆက်ဆံနည်း” “အထက်လူကြီးကို မပြောရသော စကားလုံးများ” စတာတွေဘဲ အတွေ့များပါတယ် ။ ဒါကကျွန်တော်တို့ဟာ အမြဲတန်း အောက်လက်ငယ်သားဘဲဖြစ်ရမယ်လို့ အတွေးဝင်စေပါတယ်။ တကယ်တော့ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက်နဲ့ တချိန်မှာ လုပ်ငန်းရှင် ပိုင်ရှင် အထက်လူကြီးတယောက်  ဖြစ်ရမဲ့သူတွေပါ ။ ဒီတော့ ကျွန်တော်တို့အတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုပြောဆို ဆက်ဆံသင့်တယ်ဆိုတာ သိထားသင့်တဲ့ အကြောင်းပါ။အဲ…..တကယ်လို့ သင်ဟာ တသက်လုံး အလုပ်သမားတယောက် ဝန်ထမ်းတယောက် ဘဝကနေ တိုးတက် လွတ်မြောက်ဘို့ ရည်ရွယ်ချက်မရှိတော့ဘူး ဆိုရင်တော့ ဒီစာစုဟာ သင့်အတွက် အသုံးဝင်မှာ မဟုတ်လို့ ကြိုတင်တောင်းပန်ပါရစေ ။ တကယ်တော့ ဒါတွေဟာ ကျွန်တော့ရဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မန်နေဂျာတွေ ပြောဆိုဆက်ဆံနေကြတဲ့အပေါ်မှာ သတိပြုမိပြီး ကောက်ချက်ချထားတာတွေပါ […]