manawphyulayDecember 22, 20111min20115
နှစ်ဟောင်းမှာ ရွာသူရွာသားအပေါင်း ချစ်ခင်ရင်းနှီးစွာနဲ့ တွေ့ဆုံခဲ့တာ နှစ်သစ်အတွက် အကြိုဆုတောင်းလေးဖြစ်သွားတာပေါ့နော်။ တွေ့ရင် ပေးချင်လို့ ဘာမှအဖိုးမတန်တဲ့ကဒ်လေးကို လုပ်ထားခဲ့မိတယ်။ ဒါပေမယ့် အားလုံးက မကောင်းတတ်လို့ပဲ ယူယူ အားနာလို့ပဲ ယူယူ တယုတယလေး ယူသွားကြတာကို တွေ့ရတော့ အလွန်ပဲ ဝမ်းသာမိပါတယ်။ လုပ်ရကျိုးလေးလည်းနပ်သွားတယ်လို့ ခံစားမိတယ်။ ကဒ်လေးက အဖိုးမတန်ပေမယ့် စိတ်ရင်းစေတနာအပြည့်နဲ့ ရင်းနှီးမှုတွေ တစ်ပွေ့တစ်ပိုက်ထည့်ပေးလိုက်တဲ့ ကဒ်လေးဆိုလည်း မမှားပါဘူး။ အဲကဒ်လေးကို မယူသွားတဲ့သူတစ်ယောက်ရှိတယ်။ အဲဒါ ဘယ်သူလဲဆိုတာ ကိုယ်တိုင်ပဲ ပိုသိမယ်လို့ ထင်ပါတယ်နော်။ မနောကတော့ စိတ်စေတနာအရင်းခံပြီး လုပ်ပေးထားတာမယူသွားတာကတော့ လက်ရှုပ်လို့ပဲလား ဒါမှမဟုတ် မေ့နေခဲ့တာလားဆိုတာ တစ်ယောက်သောသူကတော့ သိမှာပါနော်… ဘယ်သူဆိုတာ မပြောတော့ပါဘူး။ နှစ်ဟောင်းမှာ ပျော်ရွှင်ခဲ့ရသလို နှစ်သစ်မှာလည်း ဒီလိုစည်းလုံးညီညွတ်စွာနဲ့ ရင်းနှီးခင်မင်စွာနဲ့ ပြန်လည်ဆုံတွေ့စေချင်တဲ့အကြောင်း လက်ဆောင်လေးပါးရင်းနဲ့ မလာတဲ့ရွာသူရွာသားတွေအတွက် […]