မည်သူ ့ကိုမျှ မနစ်နာစေလိုပါ။ကျွန်တော် သံတွဲကိုချစ်သလို အားလုံးချစ်ကြလိမ့်မယ်မမျှော်လင့်ပါတယ်။အမှန်တိုင်းပြောရ ရင် မီးမီးသော်ဆိုတဲ့ နာမည်ကနေဘာလို ့ကျွန်တော့်နာမည်ကို ပြန်ပြောင်းလိုက်ရလဲဆိုတော့ ဖြေရှင်းဖို ့လိုလာပီထင်လို ့ပါ။မီးမီးသော် ရဲ ့ဘဝကိုကျွန်တော်မြတ်နိုးပါတယ်။ဒီကလောင်က ကျွန်တော့်ဆေးကျောင်းသားဘဝတလျှောက် ရေးခဲ့တဲ့ ကလောင်မို ့ပါ။တနေ ့နေ ့စိတ်မကောင်းစရာတွေတွေ ့နေရတော့ ကျွန်တော် စိတ်မကောင်းပါဘူး။ဖြေရှင်းသင့်ပီထင်လို ့ဝင်လာရပါတယ်။ ကျွန်တော့်ကို စွပ်စွဲနေကြတာမြင်ရတော့ စိတ်မကောင်းပါဘူး။စွပ်စွဲခံနေရသူတွေအတွက်လဲဝမ်းနည်းပက်လက်ဖြစ်ရပါတယ်။ကျွန်တော့် မြို ့လေးကိုချစ်သလို ကျွန်တော် ့အပေါ်မှာ မေတ္တာ မထားနိုင်သူတွေကိုလဲ ချစ်လျှက်ပါ။ထာဝရ အချစ်မျက်စိနဲ ့ဘဲကြည့်လျှက်ပါ။ ကျွန်တော် စီးပွားရေးမလုပ်တတ်ပါ။အိမ်မှာ ကလေးတွေကိုစာသင်တဲ့အလုပ်လေးနဲ ့ပျော်မွေ ့နေတာပါ။ဘယ်သူမှ ကျွန်တော်နဲ ့ပြိုင်ဘက်မရှိသလို။ကျွန်တော် မနာလိုစရာလူမရှိပါ။အားလုံးသောမြို ့သူမြို ့သားတွေကောင်းဖို ့ကို ရည်ရွယ်ပါတယ်။အားလုံးငြိမ်းချမ်းတဲ့ ဘဝလေးတွေပိုင်ဆိုင်ကြပါစေ ဆုတောင်းပေးပါတယ်။ တဆက်တည်းပါ သူကြီးအပါအဝင် အားလုံးသောရွာသူ၊ရွာသားများကိုတောင်းပန်ပါတယ်။ကျွန်တော် မိန်းကလေးမဟုတ်ပါ။ဒါပေမယ့် […]