nyomaungAugust 29, 20101min978
မင်းကမိရိုးဖလာ လား။ဗုဒ္ဒဘာသာအစစ်လား။မင်းယုံကြည်တဲ့ဘာသာတရားအတွက်အသက်စွန် ့ဝံ့လား။ ခုမင်းအလုပ်လုပ်နေတာကဘာအတွက်လဲ။ဒိအလုပ်က မင်းရှေ ့ရေးအတွက်ဘာအကျိုးရှိလဲ။တိုးတက်မှာလား။ဒိတိုင်းပဲဆက်သွားနေမှာလား။ ဘဝမှာဘာရည်မှန်းချက်တွေရှိလဲ။ဘယ်လိုနေထိုင်မှုမျိုးနဲ ့နေထို်င်သွားမှာလဲ။တိုင်းပြည်မပြောနဲ ့ကိုယ့်မိဘဆွေမျိုးတွေကိုဘယ်လိုကာကွယ် စောင့်ရှောက်မှာလဲ။မိဘကိုမွေးကျေးဇူးဆပ်နိုင်ပြီလား။သူငယ်ချင်းတွေအပေါ်တကယ်ချစ်ခင်ရဲ ့လား။ကိုယ့်ကောင်းကြာင်းပြောလို ့ခင်တာလား။ သူတို ့ကိုဘာတွေပေးဆပ်ပြီးပြီလဲ။သူတို ့ဆီကဘာမှပြန်မလိုချင်ပဲနဲ ့ကူညီခဲ့တာတွေဟုတ်ရဲ ့လား။တခါမှသူတို ့အပေါ်မကောင်းမမြင်ဘူးလို ့ ပြောနိုင်လား။မင်းနေထိုင်မှုကသူများတွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေစေသလား။အလုပ်လုပ်တာတကယ်စေတနာပါရဲ ့လား။မင်းတိုးတက်ဖို ့တကယ် ကြိုးစားနေတာဟုတ်ပါ့မလား။သူများမသိဘဲဘာအခွင့်အရေးတွေယူပြီးသွားပြီလဲ။ အများကြီးရှိသေးတယ်ထင်တာပဲ။