True FaithNovember 13, 20101min620
ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ရ ရက်နေ့မှာ အသုဘချစရာ တလောင်းမှ မရှိခဲ့ရင် မဲသွားပေးဖြစ်မယ် ထင်တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ကိုကျော်သူက မဇ္ဈိမသတင်းဌာနကို ပြောပါတယ်။ သူဖြေထားတဲ့အဖြေက “ကျနော်တို့က နာရေးအသင်းလုပ်နေတာလေ။ အဲဒီတော့ မဲလည်း မလုပ်နိုင်ဘူး၊ မဲလည်း မပေးဘူး။ မပေးဘူးဆိုတာ ဒီမှာ နေ့စဉ် တနေ့ကို အလောင်း ၅ဝ လေ။ ဥပမာ ဒီနေ့လိုရက်မျိုး တယောက်မှ မသေသေးဘူးဆိုရင် သွားထည့်ရင် ထည့်မှာပေါ့ဗျ၊”တဲ့။ နောက်ဆက်တွဲ သိရချက်အရ ကိုကျော်သူတို့ တမိသားစုလုံး အလုပ်များနေတဲ့အတွက် မဲသွားမထည့်ဖြစ်ကြောင်းပါတဲ့။ အင်း ကြိုတင်မဲနဲ့ ဒီမိုကရက်တစ်လို့ဆိုသူတွေ ရှုံးနေပြီးသားဆိုတော့ ကိုကျော်သူ သွားထည့်လည်း နိုင်မယ်မထင်ပါဘူး။ ဒီပို့စ်ကို အရင်နေ့တွေကတည်းက တင်မလို့ဗျ။ မီးပျက်သွားတာနဲ့ ပြန်တင်ဖို့ မေ့နေတာ။ […]