ဆူးOctober 20, 20101min1686
မျက်စိနားခြင်းသည် အလွန်ကူးစက်တက်သော ဝေဒနာဖြစ်သော်လည်း ဂရုတစိုက်ဖြင့်ကုသပါက အလျင်အမြန် ပြန်လည်ကောင်းမွန် စေနိုင်ကြောင်း သိရသည်။ မုတ်သုံရာသီ ရောက်လာသည်နှင့် မျက်စိနာဝေဒနာ ဖြစ်ပွားလေ့ရှိပြီး ကူးစက်မြန်သည့် ဝေဒနာလည်းဖြစ်သည်ဟု ဆိုသည်။ မျက်စိနာဝေဒနာခံစားရပါက နေကာမျက်မှန်တပ်ထားခြင်းဖြင့် လူနာအနေဖြင့် မျက်စိကို ပွတ်ခြင်းမှ ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ မျက်စိနာဝေဒနာ စတင်ခံစားရပါက မျက်စိယားယံ၍ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ မျက်ရည်နှင့် မျက်ချေးထွက်ခြင်း၊ မျက်သားနီခြင်းနှင့် မျက်ခွံများ ရောင်ကိုင်းခြင်းတို့ကို ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့ပြင် အလင်းရောင်ကို မကြည့်နိုင်ခြင်းကိုလည်း ဖြစ်ပွားတက်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်သော မျက်စိဝေဒနာခံစားရသူတို့သည် အမြင်မှုန်ဝါးခြင်းကိုလည်း ခံစားရစေနိုင်သည်ဟု သိရသည်။ မျက်စိနာခြင်းသည် အသက်အန္တရယ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိသော်လည်း ကူးစက်မှုပျံနှံ့လွယ်တက်သည့် ဝေဒနာဖြစ်သည်။ မျက်စိနာ ဝေဒနာခံစားနေရသူများသည် သီးသန့်ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းများကိုသာ အသုံးပြုသင့်သည်။ လက်ကိုင်ပဝါ သို့မဟုတ် မျက်နှာသုတ်ပဝါဖြင့် မျက်စိကိုတို့ခြင်း […]