မျက်ရည်..။။ စာဖတ်သူများခင်ဗျား..မျက်ရည်ကျဘူးပါသလား..? ကျဘူးပါတယ်လို့သံပြိုင်ဖြေဆိုကြမယ်လို့ ထင်ပါတယ် ဘယ်အချိန်တွေမှာကျဘူးခဲ့တာပါလဲ ….ခင်ဗျား..? ဟုတ်ကဲ့ တစ်ယောက်တစ်ပေါက်ဖြေဆိုကြမယ် လို့ ထင်ပါတယ် အသံတွေတူနိုင်မယ်မထင်တော့ပါဘူး လူတိုင်းမျက်ရည်ကျဘူးကြတယ်လို့ ပြောရမှာပါ ….။ မျက်ရည်ကျခြင်း အကြောင်းအရာအဖြစ်သနစ်တွေသာ မတူညီရင် နေရမယ် တစ်ကြိမ်တော့ မျက်ရည် ကျဘူးခဲ့ကြပါတယ်တစ်ချို့ဆိုအကြိမ်ကြိမ် မျက်ရည် ကျဘူးတဲ့အတွက် မိငို/မယ်ငို/နောက်ပိုင်းမင်းသမီး/ နောက်ပိုင်းမင်းသာကြီး/အလွမ်းမင်းသမီး/အလွမ်းမင်းသား /တိုက်ကြီးသံပုရာ  လို့တောင် နောက်ပြောင်ခေါ်ဝေါ်ကြတာ တွေ့ကြုံရဘူးမှာပါ..။။လူတွေဘာကြောင့်မျက်ရည်ကျရတာပါလဲ..ကျွန်တော်ရဲ့ မပြည့်မစုံလေ့လာမှတ်သားမိသမျှလေး စာဖတ်သူအပေါင်း မျက်စိညောင်း စေခြင်းငှာ ထင်သမျှမြင်သမျှ  မဟုတ်တာရောဟုတ်တာရော ရုပ်တန်းရမ်းတုတ် မှန်းခြေလေးနဲ့ ကုတ်ခြစ်စဉ်းစားမှတ်သားစိမ့်စေသောငှာ ရေးသားအလုပ်လုပ် မျက်စိရှုပ်တော်မူကြပါရန် စေတနာအပေါင်းနဲ့ ကြေငြာမောင်းခတ်အပ်ပါတယ်…။။။။လူတွေမျက်ရည်ကျရတဲ့ အကြောင်းတရားပေါင်းများစွာရှိပါတယ်.. အဲဒီအကြောင်းတွေထဲက  အဓိက လည်းကျ ဖြစ်နိုင်ခြေလဲ များတဲ့ တစ်ချို့သော အကြောင်းလေးတွေကိုထုတ်နှုတ် တင်ပြရရင်တော့… “လူတစ်ယောက်ဟာ သိပ်ဝမ်းသာလွန်းအားကြီးလာရင်..။။” ဟာဒယဝတ္ထု နှလုံးအိမ်၌ […]