alinsettApril 22, 20141min21419
        ချစ်စရာကောင်းတဲ့သဘာဝတရားကို အဓမ္မပြုကျင့်မိတဲ့အတွက် ပြစ်ဒဏ်ကျခံနေရတဲ့လောက/ကိုယ့်တစ်ကိုယ်စာ ဖြစ်တည်မှုကတောင် ရေရာမှုမရှိရတဲ့ကြားထဲ. . .သူများတွေကိုပါ ကယ်တင်ချင်သေးသတဲ့ ။ အဟက် ။ ကိုယ့်စာမျက်နှာတွေ ကိုယ်ပြန်ခေါက်သိမ်းပြီးသာ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ချင်စမ်းပါကွယ်။ သံသရာဆိုတာက လေချိုလေး သွေးရုံနဲ့ ပြီးပြတ်မသွားဘူး။ ငြိမ်းချမ်းရေးဆိုတာကရော ဘာထူးလဲ။ ပန်းတစ်ပွင့်မှ မဟုတ်တာ ။ လှမ်းခူးလိုက်ရုံနဲ ့ ကိုယ့်လက်ထဲရောက်လာနိုင်တာဆိုလို့မိုးပေါ်က ကြယ်တွေပဲ ရှိတယ် ။ ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်လို့ ထင်မြင်ယူဆသူတွေပဲ မှန်တယ် ။ မကြာခဏ ထ ပျံသွားတတ်တဲ့ သဘောကို သိတဲ့သူတွေအတွက် ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်။ မယုံဘူးလား။ မယုံဘူးဆိုရင် သင်ကိုယ်တိုင် ငှက်တစ်ကောင်လို ပျံဝဲဖို့ကြိုးစားကြည့် ။ ကောင်းကင်ရဲ့ဝတ်ရုံလွှာအပြာနုကို ထိုးခွဲ.. . […]