black chawJanuary 2, 20123min21015
ကိုသစ်မင်းက ရွာထဲကို ဝင်လာတော့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေရေးပြီး ဝင်လာခဲ့ပါတယ်။ ပြီးတော့မှ ကဗျာလေးတွေရေးပြီး ကဗျာနဲ့ပဲ ရွာသူရွာသားတွေရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့တာပါ။ ပြီးမှ စကားပြေအရေးအဖွဲ့လေးတွေ နဲ့ ဂျပန်ဝတ္ထုတိုလေးတွေ ဘာသာပြန်တဲ့ ဘက်ကို လှည့်လာပြန်ပါတယ်။ ဂျပန်ဘာသာပြန် ဝတ္ထုလေးတွေကို ကြည့်ရအောင်ပါ။ မော်ဒယ် https://myanmargazette.net/77851/creative-writing ဆိုတဲ့ ပို့စ်လေးကတော့ ဂျပန်ဘာသာပြန် ဝတ္ထုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အိမ်လခပင် မပေးနိုင်သော အလုပ်ရှာနေဆဲ ဒုက္ခရောက်နေသော လူတစ်ယောက် သတ္တုပုံးတစ်လုံးကို ခလုတ်တိုက်မိပြီး အိမ်ယူသွားရာက သံလွင်ဂြိုဟ်သို့ရောက်သွားကာ မော်ဒယ်အလုပ်ကို ရရှိသွားပုံကို ရေးဖွဲ့ထားပါသည်။ ဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အရသာခံနိုင်ကြမည့် ဘာသာပြန်လက်ရာလေးဖြစ်ပါသည်။ ဘာရေးရေး ရွှေ ဖြစ်နေသော ကိုသစ်မင်း၏ လက်ရာကို ဖတ်ဖြစ်အောင်ဖတ်ကြဘို့ တိုက်တွန်းပါသည် ခင်ဗျား။ ကိုသစ်မင်းက မော်ဒယ်ဖြစ်သွားပုံကို အခုလိုရေးဖွဲ့ […]