ဦးသုJanuary 14, 20132min886
တစ်ခါတစ်လေမှာ အပူအပင်ကင်းတဲ့ ကလေးဘဝ အပြစ်လုပ်မိမှန်းမသိတဲ့ ကလေးဘဝလေးကို တွေးမိပြီး ပျော်မိတယ်။   တစ်ခါတစ်လေကျတော့လဲ စွန့်စားမှုတွေနဲ့ အသက်ရှင်ရတာကိုသဘောကျတယ် တစ်ခုခုစွန့်စားလိုက်ရမှ စားလို့ဝင်အိပ်လို့ပျော်တဲ့ ဘဝမျိုးလဲဖြစ်ကြည့်ချင်တယ်   တစ်ခါတစ်လေကျတော့လဲဘဝမှာ ဘယ်လောက်ပဲ အခက်အခက်တွေရှိနေပါစေ  ဘယ်သူတွေကပဲတားနေပါစေ ချစ်သူသာ ထာဝရအားပေးပြီးအနားမှာမခွဲအတူရှိမယ်ဆိုရင် အားလုံးကိုကျောခိုင်းထားခဲ့ပြီး သူ့လက်ကိုတွဲရဲရဲလျှောက်ရဲတယ်။   တစ်ခါတစ်ရံမှာ သူများတကာတွေလုပ်လို့ မထင်ပေါ်ခဲ့ရတဲ့ ကိစ္စတွေ ကိုယ်ထလုပ်လိုက်တာနဲ့ ထင်ပေါ်ကျော်ကြားသွားအောင် ကြိုးစားအားထုတ်ခဲ့ဘူးတယ်။ တစ်ခါတစ်လေကျတော့လဲ ဘယ်သူ့စကားမှနားမထောင်ဘဲလုပ်ချင်တာလုပ်ပြီး မှားမှန်းသိတော့မှ မျက်နှာတောင်မပြရဲခဲ့ဘူး။ ဒါပေမယ့်လဲ ပတ်ဝန်းကျင်က လှောင်ပြုံးတွေ နောက်ကွယ်ကနေ စောင်းမြောင်းပြောတာတွေကိုမခံနိုင်လို့ ငါဆိုတာဘာကောင်လဲ သိစေရမယ်ဟေ့ဆိုပြီး လက်တွေ့ပြခဲ့တယ်။   တနေ့ခင်းလုံးရုံးထဲမှာအားနေတာနဲ့ စိတ်ကူးရလို့ဓာတ်ပုံလေးတွေနဲ့ ပိုစ့်တစ်ခုဖြစ်အောင် စီစဉ်ပြီးတင်လိုက်တာပါ။ နည်းနည်းလေးပဲဖြစ်ဖြစ် ပြုံးသွားကြပါအုံး။