Zaw WonnaAugust 29, 20101min20611
အထက်မြန်မာပြည်တွင် မွန်တို့ အရေးနိမ့်ပြီးနောက် အလောင်းဘုရားသည် မြန်မာပြည်တောင်ပိုင်းသို့ တိုင်အောင် ဆက်လက်ချီတက် တိုက်ခိုက်ကာ ၁၇၅၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုနှစ် မေလတွင် မွန် တံငါရွာငယ် တစ်ခုဖြစ်သော ဒဂုံသို့ ဝင်ရောက်ခဲ့သည်။ မွန်တို့သည် ဒဂုံကို ကာကွယ်ရန် မကြိုးပမ်းသောကြောင့် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့ခြင်း မရှိ၍  ဒဂုံသည် စစ်ဘေးဒါဏ်မှ ကင်းလွတ်ခဲ့သည်။ သို့သော် မွန်တို့ အနေဖြင့် မြစ်ဝကျွန်းပေါ် ဒေသတွင် အရေးပါသော ရှုံးနိမ့်မှု တစ်ခုမဟုတ်ခဲ့ပေ။ ထိုနောက်ပိုင်းတွင် ဒဂုံသည် စစ်ဆင်ရေးအတွက် အကောင်းဆုံးသော ဒေသ ဖြစ်လာခဲ့သည်။ ပဲခူးနှင့် သန်လျင်တို့တွင် မွန်တို့ အခြေတကျ နေရာယူထားသည့်အတွက် အလောင်းဘုရားသည် ဒဂုံကို စစ်ဌာနချုပ်အဖြစ် ပြုလုပ်ကာ တစ်ဘက်ကမ်းမှ သန်လျင်ကို […]