ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃   **************************************************   ကျောင်းနဲ့၊ ကျူရှင်နဲ့၊ ဆရာတွေနဲ့ လိုက်ဖက်ညီလို့ ဆယ်တန်းနှစ်က ပျော်စရာကောင်းလားလို့ မေးရင် တစ်ဝက်ပဲ ပျော်စရာကောင်းတယ်လို့ ဖြေရမယ်။ […]

DSCF8397-600x450.jpg

(၁) https://myanmargazette.net/193034 (၂) https://myanmargazette.net/193086 (၃) https://myanmargazette.net/193401 (၄) https://myanmargazette.net/194171 ====================================== Bagan House Lacquerware Workshop သည် ပုဂံမြို့သစ်တွင် တည်ရှိသည်။ ခရီးသွားဝန်ဆောင်မှုပေးသည့် ရုံးခန်းက Workshop ဝင်ပေါက်ဘေးတွင် သီးသန့်အခန်းအဖြစ် ရှိနေသည်။ ရုံးခန်းထဲဝင်၊ ခဏနားပြီး ယွန်းအလုပ်ရုံထဲသို့ ဝင်ကြည့်ကြသည်။   အလုပ်ရုံထဲတွင် ယွန်းလုပ်ငန်းလုပ်ကိုင်ပုံ အဆင့်ဆင့်ကို တွေ့မြင်နိုင်သည်။ စကားတပြောပြောနှင့် ရေဆေးနေသူ၊ နှီးခွေနေသူတို့ကို တွေ့ရသကဲ့သို့ ပတ်ဝန်းကျင်ကို ဂရုမထားနိုင်ဘဲ အာရုံစူးစိုက်စွာ ယွန်းပန်းချီရေးဆွဲနေသူများကိုလည်း တွေ့ရသည်။ ကျွန်မ သိချင်နေသည်ကလည်း အများသားပင်။ သို့သော် အလုပ်ကိုယ်စီနှင့် မအားလပ်ကြသော သူတို့ကို အားနာသည့်အတွက်ကြောင့် လှည့်ပတ်ကြည့်ရှုပြီးသာ ပြန်ထွက်လာခဲ့သည်။   အချိန်က နေ့လည်စာစားချိန်ပင် ရောက်နေပေပြီ။ ကားမောင်းပို့ပေးမည့် […]


၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်   နှိုးစက်သံကြောင့်ရော စက်သံကြောင့်ပါ နိုးလာခဲ့သည်။ နာရီကို ကြည့်လိုက်တော့ မနက် (၆) နာရီခွဲအတိ။ အပြင်ကို ကြည့်လိုက်တော့ အလင်းရောင်က ဝိုးတဝါး။ ခေါင်းရင်းဘက်က အပြည့်ကာထားသော မှန်တွင်မူ ပိုးဖလံများက အပြည့်။ ညက မီးရောင်ကို ပြုံတိုးခဲ့သလောက် ယခုမူ အေးစက်သော နှင်းရည်တို့ကြားထဲတွင် အသက်မဲ့သူကမဲ့၊ လှုပ်နေသူက လှုပ်။ ကျွန်မစိတ်ထဲတွင်လည်း အမျိုးအမည်မသိ ဝေဒနာတစ်ခု ခံစားလိုက်ရသည်။ သို့နှင့် အသာပြန်ငြိမ်နေလိုက်ပြီး ပြန်ကြည့်မိတော့ ကောင်းကင်က လိမ္မော်ရောင် သန်းနေပြီ။ နေထွက်ချိန် မမီမည်စိုးသောကြောင့် ကမန်းကတန်း အိပ်ယာထ၊ မျက်နှာသစ်ပြီး Sundeck ပေါ် ပြန်တက်ခဲ့၏။   အပြင်ဘက်တွင်တော့ သင်္ဘောဝန်ထမ်းများက သန့်ရှင်းရေးလုပ်နေကြသည်။ ပတ်ဝန်းကျင်ကတော့ […]


ရွာထဲသို့ လျှောက်လည်ကြသည်။ ရန္တပိုတစ်ရွာလုံးက အိုးလုပ်ငန်းလုပ်ကိုင်သည်ဟု ထင်မိသော်လည်း တကယ်တမ်းက ရွာမြောက်ပိုင်းကသာ အိုးလုပ်ကြခြင်းဖြစ်သည်။ ရွာတောင်ပိုင်းကမူ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သည်ဟု သင်္ဘောမန်နေဂျာက ရှင်းပြသည်။ ရွာတစ်ခြမ်းတည်းကို ပတ်ကြည့်သည်ပင် အချိန်အတော်ကြာသည်။ (၁) နာရီခွဲအချိန်အတွင်း ကြည့်စရာတွေက မကုန်နိုင်။ အိုးလုပ်သည့်ရွာ ပီသစွာ အိုးများက လက်ညှိုးထိုးမလွဲ။ လမ်းတစ်လျှောက်၊ ခြံစည်းရိုးများတစ်လျှောက်၊ ခြံဝန်းများထဲ၊ အိမ်တွေထဲ.. အိုး..နေရာတိုင်းပင်။ ကလေးများကျောင်းဆင်းချိန် ဖြစ်သောကြောင့် ကျောင်းပြန်လာကြသော ကလေးများကို စက်ဘီးကိုယ်စီနှင့် တွေ့ရသည်။ ကျွန်မအတွက် ထူးဆန်းသည်က ထမင်းချိုင့်များကို နောက်ထိုင်ခုံပေါ်တွင် ကြိုးနှင့်ဆိုင်းထားကြခြင်းပင်။ ကျွန်မတို့ကတော့ ထမင်းချိုင့်ရော၊ လွယ်အိတ်ရောကို ရှေ့ခြင်းထဲတွင် ထည့်သည်။ သူတို့ကတော့ လွယ်အိတ်ကို ခြင်းထဲထည့်ပြီး ချိုင့်ကို နောက်ခုံတွင် တင်သည်။ အခြားသူများက မထူးဆန်းသော်လည်း ကျွန်မကတော့ ယခုမှပင် […]


နေရောင်အောက်က ဧရာဝတီမြစ်ပြင်ကား အလှကြီးလှနေတော့သည်။ မြစ်ဝကျွန်းပေါ်သူ ကျွန်မအတွက်တော့ အညာဒေသ၏ မြစ်ပြင်အလှသည် အံဩထူးဆန်းဖွယ်ရာပင် ဖြစ်၏။ အထူးသဖြင့် ဟင်္သာ၊ ကြိုးကြာစသော ငှက်များ ပျော်ရွှင်မြူးထူးနေကြသော သဲသောင်ပြင်ဖြူဖြူများ၊ နုန်းတင်မြေပေါ်က စိုက်ခင်းများက ကျွန်မ မမြင်ဖူးသည့် အရာများပင်။ ကြည့်နေရင်းနှင့်ပင် အတွေးတစ်ခုက ဝင်လာ၏။ အမိဧရာဝတီကား သောင်ထွန်းနေပေပြီ။ ယခင်က မည်သို့မည်ပုံရှိခဲ့သည် မသိသော်လည်း ယခုအခါ မြစ်လမ်းကြောင်းတစ်လျှောက် သဲသောင်များက နေရာယူနေသည်။ ငှက်များမှလွဲ၍ ဗလာနတ္ထိ၊ ဘာမှမရှိ။ ရေကြောင်းကျပ်သည်ဟူသော စကားကို ကြားဖူးသော်လည်း အသေအချာ နားမလည်ခဲ့ပေ။ နွေပေါက်တော့ ရေနည်းသည်၊ ရေနည်းတော့  မြစ်ကျဉ်းသည်၊ မြစ်ကျဉ်းတော့ သင်္ဘောအများကြီးကြားထဲ ကိုယ့်သင်္ဘောက သွားရတာကျပ်သည်၊ ကျွန်မ အတွေးနှင့် ကျွန်မ နားလည်ထားခဲ့သည် သဘောတရား။ ယခုမှ သေချာသိလိုက်ရသည်က […]


                ခရီးသွားရမည်ဆိုသောကြောင့် အလွန်ပင် စိတ်လှုပ်ရှားမိသည်။ အလွန်သွားချင်နေသည့် မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံသို့ ပထမဆုံးအကြိမ် သွားရမည့်ခရီးဖြစ်ခြင်း၊ မန္တလေးမှ ပုဂံသို့ စင်းလုံးငှားအပျော်စီးရေယာဉ်ဖြင့်သွားမည့် ဧည့်သည်များနှင့်အတူလိုက်ပါပြီး ရေယာဉ်အခြေအနေကို ကြည့်ရှုရမည့်ခရီးဖြစ်ခြင်း၊ ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်ဦးဆောင်ပြီး သွားရမည့် ခရီးဖြစ်ခြင်း၊ မန္တလေးမြို့ရှိ ရွာသူားများနှင့် တွေ့ရမည်ဖြစ်ခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။ သို့သော် ခရီးစဉ်အတွက်မူ သေချာပြင်ဆင်ချိန် သိပ်မရှိ။ ခရီးသွားမည့်ရက်အတွင်း အလုပ်ကြွေးကျန်မရှိအောင် ရှင်းလင်းနေရသောကြောင့် သွားခါနီးလေ ပိုပင်ပန်းလေ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ရှုပ်ယှက်ခက်နေသည့် အချိန်များကြားထဲကပင် ခရီးသွားမည့်နေ့သို့ ရောက်လာခဲ့လေသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက် ညနေ (၅) နာရီတွင် ရုံးဆင်းမည်ဟု […]


လေယာဉ် changes၊ cancel တွေထဲမှာ သံတွဲလေယာဉ်က တစ်ခြား sector တွေထက် ပိုကြောက်ဖို့ကောင်းပါတယ်။ ငပလီဆိုတာ ခရီးစဉ်ရဲ့နောက်ဆုံးမှ အပန်းဖြေသွားတဲ့ နေရာပါ။ ငပလီကပြန်လာရင် တန်းပြီး departure ထွက်ရင်ထွက်၊ နေရင်လည်း ရန်ကုန်မှာ တစ်ညလောက်ပဲ ထပ်နေ၊ နောက်နေ့ဆို departure၊ အဲဒီလိုမျိုးတွေပါ။ ဆိုတော့ မနက်လေယာဉ်နဲ့ပြန်လာပြီး ညနေ departure ထွက်မယ့် ဧည့်သည်ဆိုရင် လေယာဉ်နောက်ကျလို့ မရသလို၊ နောက်တစ်နေ့မနက်ပြန်မယ့် ဧည့်သည်အတွက်ဆိုရင်လည်း လေယာဉ် cancel ဖြစ်လို့ မရပါဘူး။ departure လွတ်သွားနိုင်ပါတယ်။ တစ်ခါတစ်လေ ဧည့်သည်မှာ အချိန်မရှိလို့ ညနေဘက် တန်းပြီး departure လုပ်ပေးထားရပြီဆိုရင် ဘုရားတနေရပါတယ်။   တစ်ခါသား ကျွန်မတို့တစ်ရုံးလုံး ဘန်ကောက်ကို ခရီးထွက်နေတဲ့အချိန်မှာ MD ဆီကို […]


ဟိုတယ်ပိုင်းမှာ ကျန်ခဲ့တာလေးတစ်ခုက contract rate ထွက်တာ နောက်ကျတာပါ။ ဒီလိုအချိန်မျိုးမှာ အလုပ်တွေအပြည့်လုပ်နေရတဲ့ဘဝကို နားလည်ပါတယ်။ ဟိုတယ်စီမံခန့်ခွဲရေးပိုင်း၊ reservation ပိုင်းတွေကြောင့် ဖုန်းမဖြေနိုင်၊ paper work တွေမနိုင်တာ ဖြစ်နေတာတွေကို တွေ့နေရတော့ စာချုပ်တွေဘက်ကို မလှည့်နိုင်တာကိုလည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်မှာကျတော့ rate က အရမ်းအရေးကြီးပါတယ်။ အနည်းဆုံးတော့ တစ်နှစ်စာလောက် ကြိုရနေမှ အဆင်ပြေမှာပါ။ အရင်ကတော့ rate မထွက်သေးလည်း အရင်နှစ်တွေကိုကြည့်ပြီး မှန်းပေးလိုက်တာမျိုးတွေ၊ တစ်ခါတစ်လေကျတော့လည်း “ဘယ်ဈေးနှုန်းလောက် ဖြစ်သွားနိုင်လဲ၊ ခန့်မှန်းခြေလေး ပြောပေးပါလား“ လို့ ဟိုတယ်ကိုမေးပြီး ဈေးတွက်ပေးလိုက်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် မနှစ်က အခန်းဈေးနှုန်းတွေက 300% လောက်အထိ ခုန်တက်သွားတာကို ကြုံရပြီးတဲ့နောက်ပိုင်းတော့ ဈေးလည်း မမှန်းရဲတော့ပါဘူး။ ဟိုတယ်တွေကလည်း မှန်းမပေးတော့ပါဘူး။ […]


ဒီရက်ပိုင်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရပါတယ်။ ဝင်ပြီးလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ခရီးသွားကုမ္ပဏီမှာလုပ်နေတဲ့ ကျွန်မအတွက်တော့ ကြုံတွေ့နေရတဲ့အကြောင်းအရာတွေက တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပါပဲ။ အခုလောလောဆယ်မှာ ကျွန်မတု့ိအတွက် အလုပ်လုပ်ရတာ တော်တော်လေးအဆင်မပြေပါဘူး။ ရုံးမှာအလုပ်လုပ်တဲ့အတွက် ရုံးဘက်ကအမြင်နဲ့ နည်းနည်းလောက်ပြောချင်ပါတယ်။ (အင်္ဂလိပ်အသုံးအနှုန်းတွေ များသွားရင် သည်းခံပေးကြပါ။)   ဟိုတယ်များ- ခရီးသည်နဲ့ အခန်းအရေအတွက် မမျှတဲ့အတွက် အခန်းတင်ရတာ အရမ်းကျပ်ပါတယ်။ ဘယ်လိုဟိုတယ်မျိုးနဲ့ပဲ proposal ပေးထားပါစေ…ရရာဟိုတယ်၊ ရရာအခန်းနဲ့ပဲ finalize လုပ်လိုက်ရတာများပါတယ်။ တစ်ခါတစ်လေများဆို ဈေးနှုန်းပေးဖို့အတွက် ဟိုတယ်အခန်းလွတ်မလွတ် အရင်မေးရပါတယ်။ ဘယ်လို စတားမျိုးပဲ လိုချင်ပါတယ်လို့ ဧည့်သည်က ပြောနေပါစေ၊ လွတ်တဲ့အခန်းနဲ့ပဲ ဈေးပေးနိုင်ပါတယ်။ နောက်ဆုံး ဟိုတယ်အကုန်ပြည့်နေတဲ့အတွက် နေစရာတစ်ခုရှိနေအောင်ဆိုပြီး guesthouse အသေးလေးတွေကအစ လိုက်ရှာရပါတယ်။ မြို့တစ်မြို့မှာ အခန်းတစ်ခန်းရဖို့ ဟိုတယ်တိုင်းကို […]


ခရီးသွားခြင်းက အကောင်းဆုံးသင်ယူတဲ့နည်းလမ်းဆိုတာ အစောကတည်းက ကျွန်တော် နားလည်ခဲ့ပါတယ်။ ကျွန်တော့်ရင်ထဲမှာလည်း ခရီးသွားဝိဉာည်က စိုးမိုးနေတုန်းပါပဲ။ နောက်ပြီး ကျွန်တော်ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုလည်း လက်ဆင့်ကမ်းမျှဝေသင့်တယ်လို့ တွေးမိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ တစ်ခြားခရီးသွားတွေ အသုံးဝင်နိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။   (၁) ပြတိုက်တွေကို ရှောင်ပါ။ ဒီအချက်ကတော့ ရူးနှမ်းနှမ်းအကြံဉာဏ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နည်းနည်းလောက် တွေးကြည့်ကြရအောင်။ တကယ်လို့များ ခင်ဗျားတို့တွေ နိုင်ငံရပ်ခြားမြို့တစ်မြို့ကို သွားလည်မယ်ဆိုရင် ပြီးဆုံးသွားတဲ့အတိတ်ထက် လက်ရှိပစ္စုပ္ပန်ကို ရှာဖွေလေ့လာရတာ ပိုစိတ်ဝင်စားဖို့ မကောင်းဘူးလား။ တကယ်တော့ လူတွေက ပြတိုက်ဆိုတာ မဖြစ်မနေသွားရမယ့်အရာလို့ ခံယူထားခဲ့ကြပါ။ ဒါကလည်း ခရီးသွားခြင်းဆိုတာ ပြတိုက်ထဲက ယဉ်ကျေးမှုတစ်ရပ်ကို ရှာဖွေခြင်းလို့ ဟိုးငယ်ငယ်ကတည်းက သင်ကြားခဲ့ရလို့ပါပဲ။ အမှန်တကယ်တမ်းတော့ ပြတိုက်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်နဲ့ရည်ရွယ်ချက် လိုအပ်တယ်။ အဲဒီပြတိုက်မှာ […]


ကျွန်မတို့ဟာ ကိုယ်အရမ်းချစ်ရတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ကူညီချင်ကြတဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခြေအနေတွေက ကူညီခွင့်မပေးခဲ့တာ ဒါမှမဟုတ် သူကိုယ်တိုင်က အကူအညီကို လက်မခံခဲ့တာတွေလည်း ရှိတတ်ကြပါတယ်။   အဲဒီနောက်တော့ ကျွန်မတို့နဲ့အတူ ကျန်ရှိနေတဲ့အရာကတော့ ချစ်ခြင်းတရားပါပဲ။ ဘာမှမလုပ်ပေးနိုင်တဲ့အချိန်မှာတောင် ကျွန်မတို့ ချစ်နေပေးနိုင်ပါတယ်။ ဘယ်လိုဆုလာဘ်မျိုး၊ ဘယ်လိုပြောင်းလဲခြင်းမျိုး၊ ဘယ်လိုကျေးဇူးတရားမျိုးကိုမှ မမျှော်လင့်ဘဲနဲ့ပေါ့။   အဲဒီလိုလေးသာ ချစ်နေပေးလိုက်မယ်ဆိုရင် ချစ်ခြင်းစွမ်းအားက ကျွန်မတို့ရဲ့ စကြာဝဠာကမ္ဘာလောကကြီးကို ပြောင်းလဲပေးပါလိမ့်မယ်။ အဲဒီစွမ်းအားပေါ်ထွက်လာတာနဲ့ ပန်းတိုင်ကို ရောက်သွားစမြဲပါပဲ။ ဟင်နရီဒရမ်မွန်း (Henry Drummond) က ပြောခဲ့ပါတယ်။ “အချိန်က လူကို မပြောင်းလဲပေးပါဘူး။ စိတ်စွမ်းအားကလည်း လူကို ပြောင်းလဲမပေးပါဘူး။ ချစ်ခြင်းတရားကတော့ ပြောင်းလဲပေးပါတယ်” တဲ့။   ဘရာဇီးနိုင်ငံက ကောင်မလေးတစ်ယောက်အကြောင်းကို သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ မိဘတွေက […]


Respect your body မင်းရဲ့ ရုပ်ခန္ဓာကို အလေးထားပါ။   You will only manage to climb the mountain if you give your body the care it deserves. You have all the time that life gives you, so do not demand too much from your body. If you walk too quickly, you will grow tired and give up halfway. […]


Paulo Coelho ရဲ့ Like the Flowing River စာအုပ်ထဲက How to climb the mountains ဆိုတဲ့ စာကို ဘာသာပြန်ထားပါတယ်။ အားလုံးပေါင်း ၁၁ ချက်ရှိပါတယ်။ အခုတော့ ၅ ချက်ကို အရင် တင်ထားပါတယ်။ တစ်ချို့အီဒီယမ်တွေက ဘာသာပြန်ရတာ အခက်အခဲရှိတဲ့အတွက် မှားတာတွေ့ရင် ပြင်ပေးစေလိုပါတယ်။ How to climb the mountains တောင်တက်နည်း   Choose the mountain you want to climb မင်းတက်ချင်တဲ့တောင်ကို ရွေးချယ်ပါ။   Don’t be influenced by what other people say: ‘that […]