သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။ Mar 22 ။ ပြည်တွင်းဈေးကွက်မှာ အခေါက်ရွှေ ၁ကျပ်သားကို ၄၂ သိန်းကျပ်ဝန်းကျင်နဲ့ ဒီနေ့မှာ အမြင့်ဆုံးရောက်ရှိနေကြောင်း ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်က ရွှေ ၁ကျပ်သား ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာကနေ ၃နှစ်ကျော်အတွင်းမှာ ၂၉ သိန်းကျပ်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ US ဒေါ်လာကတော့ ၁ ဒေါ်လာကို ကျပ် ၃,၇၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် လုပ်နေကြပါတယ်။ တပတ်အတွင်း တဖြည်းဖြည်းတက်လာတဲ့ စက်သုံးဆီ အောက်တိန်း (95)ရဲ့ ဆိုင်စျေးနှုန်းဟာ ဒီနေ့မှာ ၁လီတာကို ၂,၉၀၀ ဖြစ်လာပြီးစျေးတက်ပေမဲ့ ရန်ကုန်မှာ လိုသလောက် ဝယ်လို့မရဘဲ အချိန်ကြာ တန်းစီနေရတဲ့အပြင် နယ်တွေမှာတော့ ၁ လီတာကို ၄,၀၀၀ ကျပ်လောက်အထိရောင်းချနေပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာကို […]


သင့်အေးရိပ်February 28, 20248min7580
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Feb 20 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ”ကို မကြာခင်မှာ ပြန်လည် ဖွင့်လှစ်ရောင်းချသွားဖို့ ရှိနေပြီး ဆုကြေးငွေကျပ် သန်း ၅၀၀ ထိ တိုးမြှင့် ထားကြောင်း သိရပါတယ်။ စစ်ကောင်စီကတော့ အဆိုပါ ထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကိုတရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ကြေညာထားပါတယ်။ ရန်ကုန်မြို့ကနေ စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်နဲ့ပြန်လာတဲ့ ခရီးသည် ၆ ရာ နီးပါး လေဆိပ်အရောက်မှာပဲ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရခိုင်မှာ တိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက ကုန်းလမ်းနဲ့ ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းကိုပဲ အားကိုးနေရတာပါ။ ချိုင်းနား-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေ […]


သင့်အေးရိပ်October 24, 20225min55560
Oct 2022 မြန်မာပြည် သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 17 ။ လာမယ့် ၂၀၂၃ ခုနှစ်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ်တိုက်ပွဲနှစ် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊အုပ်ချုပ်ရေး၊ နိုင်ငံတကာ သံတမန်ရေး၊ ပြည်သူနဲ့ ထိတွေ့ဆက်ဆံရေး စတဲ့ မျက်နှာစာ ၆ခု ဖွင့်ပြီး စစ်ကောင်စီကို ထိုးနှက်သွားမှာ ဖြစ်ကြောင်း NUG ကပြောဆိုတာဟာ ထင်သလောက်လွယ်လွယ် မဖြစ်နိုင်ဘူးလို့ မြေပြင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်တွေ့ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ Oct 16 ။ စစ်အာဏာသိမ်းမှု ၁နှစ်ကျော် ၂ နှစ်နီးပါး ရှိလာတဲ့ မြန်မာပြည်မှာ နိုင်ငံရေးအကျပ်အတည်းတွေ ကြုံနေရပြီး စီးပွားရေး ကျဆင်းမှုနဲ့အတူလူသားဘေးဒုက္ခ အကျပ်အတည်းတွေ သိသာစွာ ပိုပြီး ဆိုးလာနေကြောင်း […]