aungnng87August 15, 20111min1013
ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တာမို. အေးအေးဆေးဆေးနဲ့ ဘာဟင်းချက်စားရရင်ကောင်းမလဲတွေးပြီး ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ ရေခဲသေတ္တာကြီးက empty ဖြစ်နေတာမို့ ဈေးသွားရမယ်ဆိုပြီး အိမ်နီးချင်း အင်ဒိုမတယောက်က်ို ဖုန်းဆက်ပြီး ဈေးသွားဖို့ အဖော်ညှိလိုက်တော့ သူူကလည်း OK lah, pegi pasar lah ဆိုပြီး ၂ယောက်သားအိမ်ကအထွက်မှာ တခြားအင်ဒိုမတယောက်ကလည်း သူလဲ လိုက်မယ်ဆို ပြီး ၃ ယောက် သား pudu ဈေးကိုသွားကြတာပေါ့.pudu ဈေးဆိုတာကွာလာလမ်ပူမှာ နံမယ်ကြီးဈေးတခုဘဲ။ ကိုယ်အိမ်နဲ့ဆိုရင်သိပ်မဝေးတော့ မကြာခဏ သွားဖြစ်တယ်။ တနဂ`်နွေနေ့ဆိုရင် တရုတ်၊ ကုလား၊ မလေးနဲ့ လူမျိုးပေါင်းစုံ ပျံကျအလုပ်သမားတွေပေါင်းစုံနဲ့ ရှုပ်ထွေးတဲ့နေရာတခုပေါ့။ ဈေးလည်းတော်တော်ပေါတယ်။ တခါတခါဆို ဟင်းရွက်တွေ၁ရင်းဂစ်ဘိုးဆိုရင် တပွေ့တပိုက်ကြီး၊ ပစ္စည်းကပေါ လူကမသယ်နိုင် ကိုယ့်လောဘနဲ့ကိုယ်ဒုက္ခရောက်ရတဲ့နေရာပေါ့။ သွားတဲ့၃ယောက်ထဲကအင်ဒိုမတယောက်ဟာ ဒီကမလေးလူမျိုး(ရဲ) နဲ့ လက်ထပ်ထားတာ နံပါတ်၂မိန်းမပေါ့။ သူ့အကြောင်းအိမ်နီးချင်းအင်ဒိုမပြောပြောနေလို.အကြောင်းသိနေပြီ။ […]