snow whiteJuly 24, 20121min23315
  စနိုး မနက်ကလိုင်းကားစီးလာရင်းလိုင်းကားပေါ်မှာ အဖြစ်အပျက်လေးတစ်ခုကို်ပြောပြချင်ပါတယ်  ။ လိုင်းကားနံပတ် ၃၅ မီနီဘတ်(စ်) ပါ ကားနံပါတ်က ၅ခ/၇၉၈၂   ပါ နောက်ဆိုကားနံပတ် မှတ်ထားလိုက်မိမှာမဟုတ်ပါဘူး။   ဘာကြောင့်လည်းဆိုတော့ ကားပေါ်ကအဖြစ်ပျက်လေးကိုတင်ပြချင်တာနဲ့  ကားပေါ်ကဆင်းဆင်းချင်း ကားနံပတ် ကို မှတ်ထားလိုက်တာပါ    ။   တကယ်ဆိုရင်ဒီပို့စ်လေးကိုမတင်ဖြစ်ပါဘူး    ပြည်သူအများလည်းသိခွင့်ရမယ်လို့  ထင်ပါတယ်။ စနိုးရဲ့ပို့စ်လေးကိုဖတ်ပြီးတော့  ဘာကြောင့်ပဲဖြစ်ဖြစ် ကားပေါ်တက်တာ နဲ့ကျေနပ်မှုမရှိက ဖုန်းနံပတ်လေးတွေရေးထားပါတယ်။ အဲ့ဒီဖုန်းနံပတ်တွေကို တကယ်တိုင်ကြားရင် တကယ်ကိုထိရောက်စွာအရေးယူနေပါတယ။်   ပြည်သူတွေအတွက် တကယ့် သတင်းကောင်းပါ။ အချို့အချို့သောယာဉ်မောင်းတွေ ရော စပယ်ယာတွေရောကတစ်ခါတစ်လေ စကားပြောအရမ်းရိုင်းတယ်   ခရီးသွားပြည်သူတွေကသူတို့တွေနဲ့  ရန်မဖြစ်ချင်တော့ ပြည်သူတွေကဘဲ အလျော့ပေးပေါင်း မနည်းတော့ပါဘူး  ။ အကြွေ ရှားတုန်းကလည်း  အကြွေပြသနာ လူတော်တော်များများခံစားလိုက်ရပါတယ်။   ၁၀ဝအကြွေ မရှိလို့ဆိုပြီး စပယ်ယာတွေဆီပါသွားပေါင်းလည်းမနည်းပါဘူး […]